21
Mon, Jan
685 New Articles

Top Stories

ရန်ကုန်၊ ဇန်နဝါရီ ၂၁ ရက် (ဆင်ဟွာ)

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် ငွေကျပ် ၂,၆၉၅.၆၉ သိန်းတန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာ မှ ယနေ့သတင်းထုတ်ပြန်သည်။

ရန်ကုန်၊ ဇန်နဝါရီ ၂၁ ရက် (ဆင်ဟွာ)

ရှမ်းပြည်နယ်၊ လားရှိုးမြို့တွင် ငွေကျပ် ၈,၆၀၀ သိန်း တန်ဖိုးရှိ စိတ်ကြွသွပ်ဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။

ရန်ကုန်၊ ဇန်န၀ါရီ ၂၁ ရက် (ဆင်ဟွာ)

 

ဧရာဝတီတိုင်းဒေသကြီး မြောင်းမြမြို့တွင် တည်ဆောက်နေသော မြောင်းမြတံတားအသစ် တည်ဆောက်မှု လုပ်ငန်းသည် ၈၃ ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးနေပြီ ဖြစ်၍ ဧပြီလဆန်းပိုင်းမှ စတင်၍ ယာဉ်များ ဖြတ်သန်းသွားလာ နိုင်မည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနထံမှ သိရသည်။

ပေကျင်း၊ ဇန်နဝါရီ ၂၀ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ ၏ ခရီးသွားလုပ်ငန်း နှင့် ဆက်စပ်သည့် လုပ်ငန်းများ သည် ၂၀၁၇ ခုနှစ်မှစပြီး လျင်မြန်စွာ တန်ဖိုးမြင့်တက်လာကြောင်း  သိရသည်။

ရန်ကုန် ၊ ဇန်နဝါရီ ၁၉ ရက် (ဆင်ဟွာ)

 

"တရုတ်-မြန်မာ သံယောဇဉ် တစ်မိသားစုလုံးပြုံးပျော်ရွှင်" နိုင်ငံဖြတ်ကျော် တရုတ် ရိုးရာ နွေဦး နှစ်သစ်ကူး ဖျော်ဖြေတင်ဆက်မှု အခမ်းအနား အား ဇန်နဝါရီ ၁၉ ရက် ညပိုင်း အချိန်တွင် ရန်ကုန်မြို့ တွင် ကျင်းပ ပြုလုပ် ခဲ့ပြီး တရုတ်-မြန်မာ နှစ်နိုင်ငံ မှ အနုပညာရှင်များ က အတူတကွ လွန်စွာ စိတ်ဝင်စားဖွယ်ကောင်း သည့် ဖျော်ဖြေတင်ဆက်မှု အား ပရိသတ်  များ အား တင်ဆက်ပြသ ခဲ့ကြသည်။

ရန်ကုန် ၊ ဇန်န၀ါရီ ၁၉ ရက်(ဆင်ဟွာ)

တရုတ်-မြန်မာ ယဉ်ကျေးမှု ရက်သတ္တပတ်၏ အစီအစဉ် တစ်ရပ် အနေဖြင့် တရုတ်-မြန်မာ မီဒီယာများ နွေဦး နှစ်သစ်ကူး လက်ဖက်ရည်ကြမ်း စကားဝိုင်းအား ယနေ့ ဇန်န၀ါရီ ၁၉ ရက်တွင် ရန်ကုန်မြို့ ရှိ တရုတ်ယဉ်ကျေးမှု စင်တာ၌ ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ရန်ကုန်၊ ဇန်နဝါရီ ၁၆ ရက် (ဆင်ဟွာ)

၂၀၁၈ -၂၀၁၉ ဘဏ္ဍာနှစ် (အောက်တိုဘာလမှ ဒီဇင်ဘာလထိ) မြန်မာနိုင်ငံ၏ ပြည်ပကုန်သွယ်မှုအား အမေရိကန်ဒေါ်လာ ၈,၁၄၃ သန်း ဆောင်ရွက်နိုင်ခဲ့ရာ ယခင်ဘဏ္ဍာနှစ်ကာလတူထက် အမေရိကန်ဒေါ်လာ ၁၂၆ သန်း ပိုမိုဆောင်ရွက်နိုင်ခဲ့ကြောင်း သိရသည်။

ရန်ကုန်၊ ဇန်နဝါရီ ၁၆ ရက် (ဆင်ဟွာ)

၂၀၁၉-၂၀၂၀ ခု၊ဘဏ္ဍာရေးနှစ် ရန်ကုန်တိုင်းဒေသကြီးအတွင်း မြို့နယ်အလိုက် ပြည်သူ့အခြေပြု ဘတ်ဂျက် (Participatory Budget) ညှိနှိုင်းရေးဆွဲပွဲကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးတွင် ဇန်နဝါရီလ ၁၅ ရက်နေ့ က ပြုလုပ်ခဲ့ကြောင်း သိရသည်။

ရန်ကုန်၊ ဇန်နဝါရီ ၁၃ ရက် (ဆင်ဟွာ)

ဒုတိယသမ္မတ(၁) ဦးမြင့်ဆွေ နှင့် စီးပွားရေးလုပ်ငန်းရှင်များ (၂၂)ကြိမ်မြောက် တွေ့ဆုံဆွေးနွေးပွဲအထိ လုပ်ငန်းရှင်များ၏အခက်အခဲ အကြံပြု တင်ပြချက်အားလုံးကို ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်း ရှင်များအသင်းချုပ် မှတစ်ဆင့် သက်ဆိုင်ရာ စီးပွားရေးလုပ်ငန်းရှင်များထံသို့ အကြောင်းပြန်ကြား ပေးခဲ့ပြီး ဖြစ်ကြောင်း   သိရသည်။