21
Mon, Oct
572 New Articles

ရန်ကုန် ၊ ဖေဖော်ဝါရီ ၁၃ ရက်(ဆင်ဟွာ)

ပြည်ပရောက်မြန်မာရွှေ့ပြောင်းလုပ်သား အရေအတွက်သည် ၅ သန်းထိ ရောက်ရှိသွားပြီဖြစ်ကြောင်း နိုင်ငံပိုင် Global New Light of Myanmar သတင်းစာက ဖေဖော်ဝါရီ ၁၃ ရက်တွင် ဖော်ပြခဲ့သည်။

နယူးယောက် ၊ မေ ၁၅ ရက် (ဆင်ဟွာ)

အမေရိကန် နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့် က လတ်တလော ရက်ပိုင်းတွင် အီရန်နျူကလီးယား သဘောတူညီချက် မှ နုတ်ထွက်ကြောင်း နှင့် အီရန် နိုင်ငံ အပေါ် အရေးယူ ပိတ်ဆိုမှုများ ကို ပြန်လည် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ထုတ်ပြန်ကြေညာ ခဲ့သည်။ ယင်း ဆုံးဖြတ်ချက်ကြောင့် ကမ္ဘာ့ရေနံဈေးကွက်ကြီး မှ အရှေ့အလယ်ပိုင်း ရေနံ ထောက်ပံ့မှု ၏ တည်ငြိမ်မှု နှင့် ပတ်သက်၍ စိုးရိမ်ပူပန်မှုများ ဖြစ်ပွားလာစေခဲ့ကာ မေလ ၁၄ ရက်နေ့ အထိ ၄ ရက် ဆက်တိုက် ကမ္ဘာ့ ရေနံဈေးနှုန်း မှာ ၃ နှစ်ခွဲ တာ ကာလ အတွင်း အမြင့်ဆုံး ဈေးနှုန်း သို့ ရောက်ရှိနေပြီး လေ့လာသုံးသပ်ရေး ပညာရှင်များ ကလည်း ပထဝီ နိုင်ငံရေး အန္တရာယ် နှင့် ရေနံ ထောက်ပံ့ရေးမညီမျှမှု များအောက် တွင် ကမ္ဘာ့ရေနံ ဈေးနှုန်း အနေဖြင့် ယခုနှစ် အတွင်း ဆက်လက် မြင့်တက်လာ နိုင်ခြေ ရှိကြောင်း ခန့်မှန်းခဲ့ကြသည်။

မနီလာ ၊ မေ ၃ ရက် (ဆင်ဟွာ)

အာဆီယံ + ၃ မဟာစီးပွားရေး သုတေသန ဌာန (AMRO) ၏ မေလ ၃ ရက်နေ့၌ ထုတ်ပြန် ခဲ့သည့် "၂၀၁၈ ခုနှစ် အရှေ့အာရှ ဒေသ စီးပွားရေး အလားအလာ အစီရင်ခံစာ" တွင် ခေတ်သစ်ပိုးလမ်းမကြီး တည်ဆောက်မှု ကြောင့် အာဆီယံ နိုင်ငံ များ အနေဖြင့် အကျိုးကျေးဇူးများ အဆက်မပြတ် ရရှိစေမည် ဖြစ်ကြောင်း ဖော်ပြထားခဲ့သည်။

ပေကျင်း ၊ မတ်လ ၁၃ ရက် (ဆင်ဟွာ)

အမေရိကန် နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့် ၏ ကုန်သွယ်ရေး စစ်ပွဲ ဆောင်ရွက်ရန် ဆုံးဖြတ်လိုက်ခြင်း သည် အခြား နိုင်ငံများ အပေါ် ထိခိုက် နစ်နာမှု များ ဖြစ်ပွား စေမည် ဖြစ်သော်လည်း ယင်းဆုံးဖြတ်ချက် ကြောင့် အမေရိကန် နိုင်ငံ တွင်လည်း ဆုံးရှုံးနစ်နာမှု များ ဖြစ်ပွား စေမည် မှာ သေချာသည် ဟု ဆိုရမည် ဖြစ်ပါသည်။