15
Fri, Nov
481 New Articles

Vanguard ရုပ်ရှင် ကို တရုတ်နှစ်သစ်ကူးတွင် ပြသရန်စီစဉ်ထား

ဂျက်ကီချန်းအားတွေ့ရစဉ် (ဆင်ဟွာ) Culture & Entertainment

ပေကျင်း၊ အောက်တိုဘာ ၁၉ ရက် (ဆင်ဟွာ)

ဂျက်ကီချန်းသရုပ်ဆောင်မည့် တရုတ်အက်ရှင်ရုပ်ရှင် ဖြစ်သည့် Vanguard ရုပ်ရှင်ဇာတ်ကားကို တရုတ်နှစ်သစ်ကူးကာလဖြစ်သည့် ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီ ၂၅ ရက် တွင်တရုတ်နိုင်ငံ၌စတင် ပြသမည်ဖြစ်ကြောင်း တရုတ်ရုပ်ရှင်ဖြန့်ဖြူးခြင်းနှင့် ပြသခြင်းအဖွဲ့မှသိရသည်။ 

   

အပြည်ပြည်ဆိုင်ရာကြေးစားအဖွဲ့အစည်းတစ်ခုက ဖမ်းဆီးထားသည့် ဓားစာခံများကို ကယ်တင်ရန် လုံခြုံရေးအစောင့်တပ်ဖွဲ့၏ဆောင်ရွက်မှုအကြောင်းအားရိုက်ကူးထားခြင်းဖြစ်သည်။ 

 “တစ်ကမ္ဘာလုံးမှာ တရုတ်အက်ရှင်ဇာတ်ကားများကို ဝက်ဝက်ကွဲအောင် အားပေးတာတွေက ကျွန်တော်တို့ရဲ့ကြိုးစားအားထုတ်မှုတွေကို ကိုယ်စားပြုတယ်’’ ဟု မကြာသေးမီက တရုတ်နိုင်ငံ Guangdong ပြည်နယ်၊ Foshan မြို့တွင်ပြုလုပ်ခဲ့သည့်ရုပ်ရှင်မြှင့်တင်ရေးပွဲတွင် ရုပ်ရှင်ဒါရိုက်တာ Stanley Tong  က ထိုသို့ပြောကြားခဲ့ခြင်းဖြစ်သည်။ 

   

   Tong ရိုက်ကူးခဲ့သည့် Police Story franchise နှင့် Kung Fu Yoga အက်ရှင်ရုပ်ရှင်တို့သည်အောင်မြင်ခဲ့ပြီး ဂျက်ကီချန်း နှင့် လွန်ခဲ့သည့်နှစ် ၃၀ ဝန်းကျင် မှစ၍ လက်တွဲဆောင်ရွက်ခဲ့ကြောင်း သိရသည်။  (Xinhua)