24
Sat, Aug
527 New Articles

တရုတ် တိုင်ပေတွင် ပြင်းအား ၅.၂ ရှိသော ငလျင်လှုပ်

ငလျင်ကြိမ်နှုန်း တိုင်းတာမှုပုံအား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်) Environment, Disasters & Accidents

ပေကျင်း၊ ဇန်နဝါရီ ၃၀ ရက် (ဆင်ဟွာ)

တရုတ် တိုင်ပေရှိ ဟွာလျန်ခရိုင်အနီး ပင်လယ်ပြင်တွင် ပြင်းအား ၅.၂ ပမာဏရှိသော ငလျင်တစ်ခု ဇန်နဝါရီလ ၃၀ ရက် ပေကျင်းစံတော်ချိန် ၁၃း၂၁ နာရီက လှုပ်ရှားသွားကြောင်း တရုတ်ငလျင်ကွန်ရက်များစင်တာ (CENC) အရ သိရသည်။

အဆိုပါ ငလျင်သည် မြောက်လတ္တီကျု ၂၃.၇၇ ဒီဂရီနှင့် အရှေ့လောင်ဂျီကျု ၁၂၂.၄၃ ဒီဂရီ၊ မြေအောက်အနက် ၂၀ ကီလိုမီတာအား ဗဟိုပြုကာလှုပ်ခတ်ခဲ့ကြောင်း စင်တာက ပြောကြားခဲ့သည်။ (Xinhua)