တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က အာဖရိကအတွက် ကြွေးမြီများလျှာ်ပေးခြင်းနှင့် ဆိုင်းငံ့ပေးခြင်းများတွင် နိုင်ငံတကာ ကြိုးပမ်းအားထုတ်မှုများ ပိုမိုလုပ်ဆောင်ကြရန် တိုက်တွန်း

ဗီဒီယိုလင့်ခ်မှတစ်ဆင့် ပြုလုပ်သည့် COVID-19 ရောဂါတိုက်ဖျက်ရေး စည်းလုံးညီညွတ်မှုဆိုင်ရာ တရုတ်-အာဖရိက အထူးထပ်သီးအစည်းအဝေးတွင် သဘာပတိအဖြစ်ဆောင်ရွက်နေသည့် တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်အား တွေ့ရစဉ် (ဆင်ဟွာ) Politics, Law & Military

ပေကျင်း၊ ဇွန် ၁၈ ရက် (ဆင်ဟွာ) 

တရုတ်နိုင်ငံသည် နိုင်ငံတကာ အသိုင်းအဝိုင်းတွင် အထူးသဖြင့် ဖွံ့ဖြိုးပြီးနှင့် နိုင်ငံစုံပါဝင်သော ငွေကြေးအဖွဲ့အစည်းများအနေဖြင့်အာဖရိကအတွက် ကြွေးမြီများလျှော်ပေးခြင်းနှင့် ဆိုင်းငံ့ခြင်းများ၌ အင်တိုက်အားတိုက် ပိုမိုလုပ်ဆောင်သွားရန် မျှော်လင့်ကြောင်း သမ္မတ ရှီကျင့်ဖိန်က ဇွန် ၁၇ ရက်တွင် ပြောကြားခဲ့သည်။

ရှီသည် ဗီဒီယိုလင့်ခ်မှတစ်ဆင့် ပြုလုပ်သည့် COVID-19 ရောဂါတိုက်ဖျက်ရေး စည်းလုံးညီညွတ်မှုဆိုင်ရာ တရုတ်-အာဖရိက အထူးထပ်သီးအစည်းအဝေး၌ မိန့်ခွန်းပြောကြားရာတွင် အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။ 

တရုတ်-အာဖရိက ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာဖိုရမ်၏ မူဘောင်အတွင်း တရုတ်နိုင်ငံအနေဖြင့် ၂၀၂၀ ပြည့်နှစ် နှစ်ကုန်တွင် သက်တမ်းစေ့မည့် အစိုးရ အတိုးမဲ့ ချေးငွေများပုံစံနှင့် ဆက်စပ်သော အာဖရိကနိုင်ငံများ၏ ကြွေးမြီများကို လျှော်ပစ်ပေးသွားမည်ဟု သမ္မတ ရှီကျင့်ဖိန်က ပြောကြားခဲ့ကြောင်း သိရသည်။  (Xinhua)