Connect with us

MYANMAR

Coronavirus Disease 2019 (COVID-19) ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီကို အဖွဲ့ဝင် ၁၀ဦးဖြင့် ဖွဲ့စည်း

COVID-19) ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဖွဲ့စည်းသော ကြေညာချက်အားတွေ့ရစဉ်(သမ္မတရုံ)

ရန်ကုန်၊ မတ် ၃၁ ရက် (ဆင်ဟွာ)

Coronavirus Disease 2019 (COVID-19) ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီကို အဖွဲ့ဝင် ၁၀  ဦးဖြင့် မတ် ၃၀ ရက်တွင် ဖွဲ့စည်းလိုက်ကြောင်း နိုင်ငံတော် သမ္မတရုံးက ထုတ်ပြန်သော သတင်းအရ သိရသည်။

အဆိုပါ အဖွဲ့တွင် ဥက္ကဋ္ဌအဖြစ် ဒုတိယ သမ္မတ(၁)၊ အဖွဲ့ဝင်များအဖြစ် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ အလုပ်သသမား၊ လူမှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) ညှိုနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ရေ၊လေ)တို့ပါဝင်ပြီး ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးတို့က အတွင်းရေးမှူးများအဖြစ် ပါဝင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

Coronavirus Disease 2019 (COVID-19) ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ လုပ်ငန်းတာဝန်များသည် မြန်မာနိုင်ငံတွင် စတင်ဖြစ်ပွားနေသည့် CoVID-19 ရောဂါပိုးကူးစက်နေသူများနှင့်အနီးကပ်ထိတွေ့သူများအားလုံးကို ရောဂါလက္ခဏာပြသသည်အထိ စောင့်ဆိုင်းခြင်း မပြုဘဲ စုံစမ်းရှာဖွေဖော်ထုတ်၍ အမြန်ဆုံးစစ်ဆေးနိုင်ရေး၊ Quarantine လုပ်နိုင်ရေး

ဆောင်ရွက်ရန်၊  ထိုင်းနိုင်ငံနှင့် ပြည်ပနိုင်ငံများမှ ပြန်လည်ရောက်ရှိလာသူများအား နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့များနှင့်ပူးပေါင်း၍ စနစ်တကျ Quarantine လုပ်နိုင်ရေး ဆောင်ရွက်ရာတွင် covID-19 ရောဂါပိုးကူးစက်သူများ တွေ့ရှိရပါက ယင်းတို့နှင့် အနီးကပ်ထိတွေ့ခဲ့သူများအား စုံစမ်းရှာဖွေဖော်ထုတ်၍စနစ်တကျ Quarantine လုပ်နိုင်ရေး ဆောင်ရွက်ရန်တို့ဖြစ်ကြောင်း သိရသည်။ 

ဒေသတစ်ခုတွင်လည်းကောင်း၊ ဒေသတစ်ခုထက်ပို၍လည်းကောင်း ကူးစက်ပြန့်ပွားမှုဖြစ်ပွားလာခဲ့ပါက ယင်းဒေသရှိ ပြည်သူများကို “ coVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီ ” ၏ လမ်းညွှန်မှုဖြင့် သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရများနှင့် ညှိနှိုင်း၍(၁) Community Quarantine ပြုလုပ်ရန် လိုအပ်လာပါက တင်းတင်းကျပ်ကျပ်ထိန်းချုပ်ဆောင်ရွက်ရန်၊ ထိုသို့ဆောင်ရွက်ရာတွင် လိုအပ်သည့် စားနပ်ရိက္ခာ၊ကျန်းမာရေးစောင့်ရှောက်မှု၊ စိတ်ဓါတ်ရေးရာမြှင့်တင်ပေးမှုစသည့် လုပ်ငန်းစဉ် များကို ဆောင်ရွက်နိုင်ရေးအတွက် ဌာနဆိုင်ရာအဖွဲ့အစည်းများ၊ ကြက်ခြေနီ တပ်ဖွဲ့၊ လူမှုအဖွဲ့အစည်းများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများနှင့် လိုအပ်သလို ပူးပေါင်းဆောင်ရွက်ရန်၊(၂) ကူးစက်ရောဂါဖြစ်ပွားမှု မြင့်မားလာသည့် ဒေသများ၊ မြင့်မားလာရန် အလားအလာရှိသည့်ဒေသများ၊ ကူးစက်ရောဂါဖြစ်ပွားမှုနှင့်ဆက်စပ်လျက် မတည်ငြိမ်မှုများ ဖြစ်ပွားလာနိုင်သည့်ဒေသများတွင် Community Quarantine ပြုလုပ်သည့်အခါ ပြည်သူများ အတိအကျလိုက်နာဆောင်ရွက်ရေးအတွက် ဌာနဆိုင်ရာအဖွဲ့အစည်းများ၊ ကြက်ခြေနီတပ်ဖွဲ့၊ လူမှုအဖွဲ့အစည်းများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများနှင့် လိုအပ်သလို ပူးပေါင်းဆောင်ရွက်ရန်၊ (၃) covID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ အဆင့်သတ်မှတ်ချက်များနှင့်အညီ အဆင့်လိုက် ဆောင်ရွက်ရာ၌ အရေးကြီးသည့် လုံခြုံရေး၊ တည်ငြိမ် အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးကို ဆောင်ရွက်နိုင်ရေးအတွက် ဌာနဆိုင်ရာ အဖွဲ့အစည်းများ၊ ကြက်ခြေနီတပ်ဖွဲ့၊ လူမှုအဖွဲ့အစည်းများ၊ အစိုးရမဟုတ်သောအဖွဲ့ အစည်းများနှင့် လိုအပ်သလို ပူးပေါင်းဆောင်ရွက်ရန်တို့ဖြစ်ကြောင်း သိရသည်။

 ဆက်လက်ပြီး (၄) ဒေသများ၌ Community Quarantine ပြုလုပ်ရပါက မရှိမဖြစ် လိုအပ်သည့် အရောင်းဆိုင်များ၊ ဆေးပစ္စည်းဆိုင်များ ဆက်လက်ဖွင့်လှစ်နိုင်ရေး၊ မရှိမဖြစ် လည်ပတ်ရန်လိုအပ်သည့် စက်ရုံ၊ အလုပ်ရုံများ ဆက်လက်လည်ပတ်နိုင်ရေး၊ ယင်းအရောင်းဆိုင်များ၊ စက်ရုံ၊ အလုပ်ရုံများ ဆက်လက်ဆောင်ရွက်နိုင်ရန် အတွက် လိုအပ်သည့် လုံခြုံရေးအစီအစဉ်များချမှတ်ရန်၊ ထိုသို့ဆောင်ရွက် ရာတွင် ဌာနဆိုင်ရာအဖွဲ့အစည်းများ၊ ကြက်ခြေနီတပ်ဖွဲ့၊ လူမှုအဖွဲ့အစည်းများ၊အစိုးရမဟုတ်သော အဖွဲ့အစည်းများနှင့် လိုအပ်သလို ပူးပေါင်းဆောင်ရွက်ရန်။ (ဃ) CoVID-19 နှင့်စပ်လျဉ်း၍ စောင့်ကြပ်ကြည့်ရှုရမည့်သူများကို Community BasedFacility Quarantine ကူးစက်ရောဂါဖြင့် သေဆုံးသွားသူများအား သင်္ဂြိုလ်ရေးနှင့်စပ်လျဉ်း၍လည်းကောင်း စနစ်တကျ လုပ်ငန်းစဉ်များ ချမှတ်ပေးရန်နှင့် အဆိုပါလုပ်ငန်းစဉ်များနှင့်အညီ ဌာနဆိုင်ရာအဖွဲ့ အစည်းများ၊ ကြက်ခြေနီတပ်ဖွဲ့၊ လူမှုအဖွဲ့ အစည်းများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများကို ဆောင်ရွက်စေရန်၊ (င) covID-19 ကူးစက်ပြန့်ပွားမှု မြင့်မားလာနိုင်သည့် အဆိုးဆုံးအခြေအနေအထိ ကြိုတင်မျှော်တွေး၍ လိုအပ်သည့် စားနပ်ရိက္ခာ၊ ဆေးဝါး၊ Facility ၊ Test Kits, ၊ PPEစသည့်ပစ္စည်း: Community Based Facility Quarantineထားရှိရန် နေရာများ၊ မိမိဆန္ဒအလျောက် ဆန္ဒပြုပါဝင်ဆောင်ရွက်မည့် Volunteer များ စသည့် အရင်းအမြစ်များကို အဆင့်လိုက်ကြိုတင်ပြင်ဆင်စုဆောင်းခြင်းအားဖြင့် လက်တွေ့ လုံလောက်စွာ စီစဉ်ပေးနိုင်ရေးအတွက် ညှိနှိုင်းဆောင်ရွက်ပေးရန်၊ရှောက်နိုင်ရန်ချမှတ်ရန်တို့လည်း ပါဝင်သည်။

 ပြည်သူများအတွင်း ကြောက်လန့်တကြားဖြစ်စေရန် ရည်ရွယ်ချက်ဖြင့် လူမှုကွန်ရက်နှင့် အခြားနေရာများတွင် သတင်းမှားဖြန့်ဝေနေသူများကို အမြန်ဆုံးဖော်ထုတ်၍ရှာဖွေဖမ်းဆီးပြီး တည်ဆဲဥပဒေများနှင့်အညီ အရေးယူနိုင်ရေးဆောင်ရွက်ရန်၊ ပြည်သူများအတွင်း ဆေးဝါး၊ ရိက္ခာနှင့် လူသုံးကုန်ပစ္စည်းများကို အကျိုးအမြတ်သက်သက် ရရှိရေးအတွက် ဈေးတင်ရောင်းချနေသူများအား အမြန်ဆုံး ရှာဖွေဖော်ထုတ်ဖမ်းဆီး၍ တည်ဆဲဥပဒေများနှင့်အညီ အရေးယူနိုင်ရေးဆောင်ရွက်ရန်၊ COVID-19ကူးစက်ရောဂါမဖြစ်ပွားစေရေးအတွက် အရေးကြီးနေရာဌာနများ၊အများပြည်သူနေရာဌာနများတွင် ပိုးသတ်ဆေးဖြန်းခြင်း၊ Physical Distanceထားရှိခြင်း၊ အသိပညာဖြန့်ဝေခြင်း၊ လိုအပ်သည့် စည်းမျဉ်းများထုတ်ပြန်ခြင်း စသည် တို့ကို ရပ်ကွက်၊ ကျေးရွာနေပြည်သူများအဆင့်အထိ ကျယ်ကျယ်ပြန့်ပြန့် သိရှိလိုက်နာဆောင်ရွက်နိုင်ရေး ကြီးကြပ်ဆောင်ရွက်ရန်၊နယ်စပ်ဝင်ပေါက်များ၊ အပြည်ပြည်ဆိုင်ရာဝင်ပေါက်များမှ တရားမဝင် ဝင်ထွက်သွားလာမှုများ မရှိစေရေး၊ လုံခြုံရေးနှင့် အဂတိလိုက်စားမှုများ မရှိစေရေးအတွက် တိုင်ကြားရန်ဌာနများ အမြန်ဆုံးဖွင့်လှစ်ခြင်း၊ စည်းမျဉ်းချိုးဖောက်သူများအား ဖော်ထုတ် အရေးယူခြင်း၊ လိုအပ်လျှင် လုံခြုံရေးအစောင့်အရှောက်ထားရှိခြင်း စသည်တို့ကို ဆောင်ရွက်ရန်၊ “Coronavirus Disease 2019(COVID-19) ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ” ၏ အတွင်းရေးမှူးရုံးအဖွဲ့ကို ပြည်ထဲရေးဝန်ကြီးဌာနတွင် အမြန်ဆုံး ဖွင့်လှစ်၍ ကော်မတီ၏ တာဝန်များကို ဆောင်ရွက်ခြင်း၊ အရေးပေါ်ဆက်သွယ်ရန် ဖုန်းလိုင်းများ ဖွင့်လှစ်ခြင်း၊ CovID-19 ကာကွယ်ထိန်းချုပ်၊ ကုသရေးဆိုင်ရာ အဆင့်လိုက် လိုအပ်ချက်များကို ကြိုတင်ပြင်ဆင်ဆောင်ရွက်ခြင်း၊ ပြည်ထောင်စုဝန်ကြီး ဌာနများနှင့် တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့များအကြား စနစ်တကျ ပေါင်းစပ်ညှိနှိုင်းခြင်းတို့ကို ဆောင်ရွက်ရန်၊ “Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအမျိုးသားအဆင့်ဗဟိုကော်မတီမှ ပေးအပ်သော အခြားတာဝန်ဝတ္တရားများကို ဆောင်ရွက်ရန်တို့ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။(Xinhua)