Connect with us

Asia

ဗီယက်နမ်တွင် လူသိ့ို H1N1 ကြက်ငှက် တုပ်ကွေး ကူးစက်မှု ဖြစ်ပွား

ဗီယက်နမ်တွင် ကြက်ငှက်တုပ်ကွေး ကူးစက်မှု ဖြစ်ပွားစဉ်(ဆင်ဟွာ)

ဟနွိုင်း ၊ မတ် ၂၃ ရက် (ဆင်ဟွာ)

ဗီယက်နမ်တွင် ၂၀၁၅ ခုနှစ်အတွင်း၌ ပထမဆုံးအကြိမ် လူသို့် ကြက်ငှက် တုပ်ကွေး ကူးစက် ပျံ့ပွားမှုကို ရှာဖွေ တွေ့ရှိထားသည်ဟု ဗီယက်နမ် ကျန်းမာရေး ဝန်ကြီးဌာန အထွေထွေ ကာကွယ်တားဆီးရေး ဆေးပညာ ဌာန (GDPM) မှ ပြောကြားခဲ့သည်။

မတ်လ ၁၄ ရက် ကနေ ၂၁ ရက် နေ့အတွင်း ဟနွိုင်းမြို့တောင်ပိုင်း Lam Dong စီရင်စု၌ ရောဂါဖြစ်ပွားသူ စုစုပေါင်း (၃၃) ယောက်တွင် မူကြို ကျောင်းသား အများစု ပါဝင်သည်။ ၎င်းတို့ခံစားရသည့် ရောဂါ လက္ခဏာများမှာ အဖျားရှိခြင်း၊ ချောင်းဆိုးခြင်း နှင့် နှာရည်ယိုခြင်း စသည့် လက္ခဏာများ ဖြစ်သည် ဟု GDPM မှ ပြောကြားသည်။

ကူးစက်ခံရသူများကို စမ်းသပ်မှုများ ပြုလုပ်ရာ H1N1 ဗိုင်းရပ်စ် ကူးစက်ခံရမှု မှန်ကန်ကြောင်း စစ်ဆေး တွေ့ရှိရသည်ဟု ဗီယက်နမ် နိုင်ငံပိုင် ရုပ်မြင်သံကြားတွင် ဖော်ပြခဲ့သည်။ ၂၀၀၉ ခုနှစ် တွင် ဗီယက်နမ်၌ ၎င်း ကူးစက်ရောဂါ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ယခုအခါ ရောဂါကူးစက်ခံရသူများကို သီးသန့်ထားရှိပြီး ဆေးကုသမှု ပေးလျက်ရှိကြောင်း သိရသည်။

H1N1 တုပ်ကွေးပိုး ထပ်မံ ကူးဆက်ခံရမှုများကို စောလျင်စွာ စုံစမ်းရှာဖွေ ဖော်ထုတ်နိုင်ရန် ဒေသ အာဏာပိုင်များ အနေဖြင့် ကျန်းမာရေးဌာနနှင့် ပူးပေါင်းဆောင်ရွက်ရန် GDPM က တိုက်တွန်း ပြောကြားခဲ့သည်။ (Xinhua)