Connect with us

Social, Education & Health

တရုတ်နိုင်ငံက ပထမဆုံး ပြည်တွင်း ထုတ် HPV ကင်ဆာရောဂါကာကွယ်ဆေးအတည်ပြု 

HPV ကာကွယ်ဆေး အား သုတေသနပြုလုပ်နေစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဇန်နဝါရီ ၃ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံက HPV ကင်ဆာဗိုင်းရပ်စ်ပိုးကို တိုက်ဖျက်ပေးမည့် ပထမဆုံး ပြည်တွင်းထုတ် ကာကွယ်ဆေးတစ်မျိုး ကို ထောက်ခံ အတည်ပြုခဲ့ကြောင်း အမျိုးသားဆေးဘက်ဆိုင်ရာ ထုတ်ကုန်များ စီမံခန့်ခွဲမှုဌာန (NMPA) ၏ ထုတ်ပြန်ချက် အရသိရသည်။

အဆိုပါ ပြည်တွင်းထုတ်လုပ်သည့် ကာကွယ်ဆေး ကို အသက် ၉ နှစ်မှ ၄၅ နှစ်အရွယ်အမျိုးသမီးများအသုံးပြုရန်အတွက်ဦးတည် ထုတ်ထားခြင်းဖြစ်ပြီး သားအိမ်ခေါင်းကင်ဆာဖြစ်စေနိုင်သည့် ဗိုင်းရပ်စ် ၂ မျိုးဖြစ်သော HPV 16 နှင့် 18 အမျိုးအစားများမှကာကွယ်ကြောင်း သိရသည်။

HPV ကာကွယ်ဆေး အား သုတေသနပြုလုပ်နေစဉ် (ဆင်ဟွာ)

HPV ကာကွယ်ဆေး အား သုတေသနပြုလုပ်နေစဉ် (ဆင်ဟွာ)

လက်ရှိတွင် HPV ကာကွယ်ဆေးများ ကို ဗြိတိန်နိုင်ငံ ဆေးဝါးကုမ္ပဏီ က ထုတ်လုပ်ပေးနေပြီး ဒြပ်ပေါင်း အာနိသင် ၂ မျိုးပါဝင်သော HPV ကာကွယ်ဆေးမျိုးဖြစ်ကြောင်း နှင့် အမေရိကန် နိုင်ငံရှိ ဆေးဝါးကုမ္ပဏီ တစ်ခု က ဒြပ်ပေါင်း အာနိသင် ၄ မျိုးပါဝင်သော ကာကွယ်ဆေး နှင့် အာနိသင် ၉ မျိုးပါဝင်သော HPV ကာကွယ်ဆေး များ ကို ထုတ်လုပ်လျက်ရှိသည်။

တရုတ်နိုင်ငံအနေဖြင့် HPV ကာကွယ်ဆေးများဝယ်လိုအားမြင့်တက်မှုရှိနေကြောင်း၊ ပြည်တွင်း၌ပြုလုပ်သောကာကွယ်ဆေးအတွက်ထောက်ခံချက်ထုတ်ပေးခြင်းသည်နိုင်ငံအတွင်းရှိကာကွယ်ဆေးများကိုပြည်သူများလက်လှမ်းမီစေရန်ရည်ရွယ်လုပ်ဆောင်ခြင်းဖြစ်ကြောင်း၊ အမျိုးသားဆေးဘက်ဆိုင်ရာထုတ်ကုန်များစီမံခန့်ခွဲမှုဌာန (NMPA)က ဆိုသည်။

အသစ်အတည်ပြုလိုက်သော HPV ကာကွယ်ဆေးသည်အစိုးရထံမှ ထောက်ခံမှုရရှိခဲ့ပြီး ပြည်တွင်း ဈေးကွက်ထဲဖြန့််ချိရန် မှတ်ပုံတင်ကာလ အတွင်း ဦးစားပေးအဆင့်အာမခံချက်ရရှိခဲ့ကြောင်း သိရသည်။

၂၀၁၉ ခုနှစ် စက်တင်ဘာလတွင် NMPA ဌာန နှင့် အမျိုးသားကျန်းမာရေးကော်မရှင်အပါအဝင်အစိုးရဌာန ၁၀ ခုသည် ပြည်သူများအတွက် ကင်ဆာရောဂါကာကွယ်ရေးဆောင်ရွက်နိုင်ရန် ကင်ဆာရောဂါ ကာကွယ်ရေးပူးတွဲ အစီရင်ခံစာတစ်ရပ်  ကိုထုတ်ပြန်ခဲ့ပြီး ပြည်တွင်းဖြစ် HPV ကာကွယ်ဆေးများ ကို ထောက်ခံ အတည်ပြုရေး နှင့် ဓာတ်ခွဲစမ်းသပ်မှုများ အရှိန်မြှင့်လုပ်ဆောင်ရေးအတွက် ကတိပြုခဲ့ကြောင်း သိရသည်။  (Xinhua) 

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.