Connect with us

Politics, Law & Military

ပြည်ထောင်စုအဆင့် JMC သတ္တမအကြိမ်မြောက် အစည်းအဝေး ရန်ကုန်၌ သုံးရက် ကျင်းပမည်

ရန်ကုန်မြို့ရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC)၌ JMC သတ္တမအကြိမ်မြောက် အစည်းအဝေးကျင်းပနေစဉ်(ဓာတ်ပုံ- ဆင်ဟွာ)

ရန်ကုန်၊ စက်တင်ဘာ ၁၃ ရက် (ဆင်ဟွာ)

ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာပူးတွဲ စောင့်ကြည့်ရေးကော်မတီ(JMC)အစည်း အဝေးကို ရန်ကုန်မြို့ရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC)၌ စက်တင်ဘာ ၁၃ရက်မှ ၁၅ရက်နေ့ထိ သုံးရက်ကြာ ကျင်းပဆွေးနွေးလျက်ရှိသည်။

အဆိုပါ ဆွေးနွေးပွဲ ပထမရက်တွင် JMC-TSCယာယီရုံး၏ တည်နေရာအခြေအနေ၊ ၃နှစ်စာ ဘတ်ဂျက်အခြေအနေ၊ ဆဌမအကြိမ်အစည်း အဝေးတွင် ဆွေးနွေးရန်ကျန်ရှိသော အချက်များကို ဆက်လက်ဆွေးနွေးခြင်း၊ JMC –S ပဲခူး/ကရင်-၂နှင့် JMC-S(ချင်း)တို့ ဖွဲ့စည်းခြင်းများ ဆွေးနွေးခြင်း၊ ကြားကာလများတွင် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ အကောင်အထည် ဖော်မှုများ ဆွေးနွေးခြင်းများ ပြုလုပ်မည်ဖြစ်သည်။
JMC သတ္တမအကြိမ်မြောက် အစည်းအဝေး၌ အထွေထွေဆွေးနွေးခြင်းများဖြစ်သော JMCဆိုင်ရာ အချက်အလက် စနစ်များ၊ နယ်မြေသတ်မှတ်မှုများ၊ မိုင်းရှင်းလင်းရေးများ၊ နိုင်ငံတကာ အထောက်အကူပြု ပညာရှင်များ၊ ဆက်ဆံရေးကိစ္စများနှင့်JMC-Uအစည်းအဝေး နောက်တစ်ကြိမ်အတွက် နေရာသတ်မှတ်ခြင်းများကို ဆွေးနွေးသွားမည်ဖြစ်သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.