15
Sun, Sep
496 New Articles

ရန်ကုန်၊ သြဂုတ် ၂၈ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံ တစ်ဝှမ်းလုံးတွင် ရာသီဥတု ပြောင်းလဲမှုကြောင့် မိုးများ ဆက်တိုက် ရွာသွန်းလျက် ရှိသည့်အတွက် သီးနှံကာကွယ်ရေးဆိုင်ရာ လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် သတိပေးနှိုးဆော်ချက် စိုက်ပျိုးရေးဦးစီးဌာန၊ သီးနှံကာကွယ်ရေးဌာနခွဲ က ထုတ်ပြန်လိုက်သည်။ 

ရန်ကုန် ၊ သြဂုတ် ၃ ရက်(ဆင်ဟွာ)

မြန်မာနိုင်ငံ၏ လယ်ယာကဏ္ဍတွင် ရေစီမံခန့်ခွဲခြင်းနှင့် စက်မှုလယ်ယာဖွံ့ ဖြိုးရေး အတွက် မြန်မာ-အီတလီ နှစ်နိုင်ငံ အကြား လယ်ယာ ကဏ္ဍ ပူးပေါင်းဆောင်ရွက်မှု ဆိုင်ရာ နားလည်မှု စာချွန်လွှာအား သြဂုတ် ၂ ရက်တွင် လက်မှတ် ရေးထိုး ခဲ့ကြောင်း သိရသည်။

နေပြည်တော်၊ ဇူလိုင် ၁၂ ရက်(ဆင်ဟွာ)

ဘင်္ဂလားပင်လယ်အော် ဒေသတွင်းနိုင်ငံများ နည်းပညာနှင့် စီးပွားရေးလုပ်ငန်းများ ကဏ္ဍစုံ၌ ပူးပေါင်း ဆောင်ရွက်ရေး (BIMSTEC:_ The Bay of Bengal Initiative for Multi-Sectoral Technical and Economic Cooperation) ၏ လုပ်ငန်းများတွင် စိုက်ပျိုးရေးနှင့် သက်ဆိုင်သည့် ကဏ္ဍများအား ပူးပေါင်း ဆောင်ရွက်မှု လုပ်ငန်းများကို တိုးမြှင့် ဆောင်ရွက်သင့်သည်ဟု စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဒေါက်တာ အောင်သူက ယနေ့  ပြောကြားခဲ့သည်။

ရန်ကုန်၊ ဇွန် ၇ ရက် (ဆင်ဟွာ) 

ကရင်ပြည်နယ်အတွင်းရှိ ခရိုင်လေးခရိုင်၊ မြို့နယ်(၇)မြို့နယ်တွင် ယခုနှစ်မိုးရာသီကာလအတွင်း မိုးစပါး ၄၃၆,၀၃၉ ဧက စိုက်ပျိုးရန် လျာထားကြောင်းပြန်ကြားရေးဝန်ကြီးဌာန ၏ သတင်းဌာန ၏ သတင်းထုတ်ပြန်သည်။

ရန်ကုန် ၊ မေ ၁၇ ရက်(ဆင်ဟွာ)

တောင်သူများ နှင့် လုပ်ငန်းရှင်များအား စိုက်ပျိုးရေးနှင့် မွေးမြူရေးကို အခြေခံသော စီးပွားရေးလုပ်ငန်းများ ဆောင်ရွက်ရန် အတွက် လိုအပ်သော ငွေကြေးအရင်းအနှီးများရရှိစေရန် ချေးငွေများ ရယူနိုင်ကြောင်း စီမံကိန်း နှင့် ဘဏ္ဍာရေး ဝန်ကြီး ဌာန ၊ မြန်မာ့ လယ်ယာ ဖွံ့ ဖြိုးရေးဘဏ်မှ အသိပေး ကြေညာခဲ့သည်။

ရန်ကုန် ၊ မေ ၂ ရက်(ဆင်ဟွာ)

မြန်မာ့ လယ်ယာ ဖွံ့ ဖြိုးရေးဘဏ်မှ ၂၀၁၉ ခုနှစ် ၊ မိုးရာသီ စိုက်ပျိုးစရိတ် ချေးငွေများကို တောင်သူ လယ်သမား များသို့ မေလ ၆ ရက်နေ့ မှ စတင် ထုတ်ချေးပေးမည် ဖြစ်ကြောင်း အဆိုပါ ဘဏ်၏ ကြေညာမှု အရ သိရသည်။

ရန်ကုန် ၊ မတ် ၂ ရက်(ဆင်ဟွာ)

မြန်မာနိုင်ငံသည် လာမည့်နှစ်အတွင်း တိုးပွား လာမည့် လူဦးရေများအတွက် နိုင်ငံ၏စားနပ်ရိက္ခာ လုံခြုံစိတ်ချမှုရှိရုံသာမက နိုင်ငံတကာဈေးကွက်သို့ ပိုမို တိုးတက် တင်ပို့ ရောင်းချ နိုင်ရေး ရည်မှန်းချက်ဖြင့် သီးနှံစိုက်ပျိုးထုတ်လုပ်မှုကို ဘက်ပေါင်းစုံ မှ အရှိန်အဟုန် မြှင့်တင် အားပေး ဆောင်ရွက်ကြရမည် ဖြစ်ကြောင်း နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်က ယနေ့  ကျရောက် သော တောင်သူလယ်သမားနေ့ အခမ်းအနားသို့ ပေးပို့ သော သ၀ဏ်လွှာတွင် ထည့်သွင်း ပြောကြားခဲ့သည်။

ရန်ကုန် ၊ ဇန်န၀ါရီ ၁၅ ရက်(ဆင်ဟွာ)

မန္တလေး တိုင်းဒေသကြီး မြင်းခြံမြို့နယ် ၊ နေပြည်တော်ကောင်စီ နယ်မြေ  တပ်ကုန်းမြို့နယ် ၊  ရှမ်းပြည်နယ် (အရှေ့) ကျိုင်းတုံ မြို့နယ် နှင့် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ဆောင်းအစေ့ထုတ် ပြောင်းသီးနှံ စိုက်ခင်း များတွင် ကျရောက် သော ငမြှောင်တောင်ပိုးမှာ ယခင်က မြန်မာနိုင်ငံတွင် ကျရောက်ဖူးခြင်း မရှိသေးသော ငမြှောင်တောင် ဖျက်ပိုး မျိုးစိတ် အသစ် Fall Army Worm (FAW) ဖြစ်ကြောင်း အတည်ပြု သတ်မှတ်ကြောင်း စိုက်ပျိုးရေး ဦးစီးဌာနမှ ကြိုတင် ကာကွယ်ရေး အသိပေး နှိုးဆော်ခဲ့သည်။

ရန်ကုန် ၊ ဒီဇင်ဘာ ၆ ရက်(ဆင်ဟွာ)

မြန်မာ-အီတလီ နှစ်နိုင်ငံ အကြား ပူးပေါင်းဆောင်ရွက်လျက် ရှိသော စီမံကိန်းလုပ်ငန်းဆိုင်ရာများအား စိုက်ပျိုးရေး ၊ မွေးမြူရေး နှင့် ဆည်မြောင်း ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ အောင်သူ နှင့် မြန်မာနိုင်ငံဆိုင်ရာ အီတလီနိုင်ငံ သံအမတ်ကြီး H.E. Mrs. AlessandarSCHIAVO တို့ ဒီဇင်ဘာ ၅ ရက်တွင် တွေ့ ဆုံ ဆွေးနွေးခဲ့ကြောင်း ပြန်ကြားရေး ၀န်ကြီးဌာန၏ ထုတ်ပြန်သော သတင်း အရ သိရသည်။

ရန်ကုန်၊ နိုဝင်ဘာ ၂၆ ရက် (ဆင်ဟွာ)

ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီး ဌာနအနေဖြင့် မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး နှင့် စစ်ကိုင်းတိုင်း ဒေသကြီးတို့ရှိ မြစ်ရေတင်စီမံကိန်း ၁ဝဝ မှ မိုးစပါး ၄၂,၄၇၆ ဧကနှင့် အခြားသီးနှံ ၂၂,၄ဝ၇ ဧက စုစုပေါင်း ၆၄,၈၈၃ ဧကအား စိုက်ပျိုးရေပေးဝေခဲ့ကြောင်း သိရသည်။

Page 1 of 3