24
Sat, Aug
527 New Articles

ရန်ကုန်၊ သြဂုတ် ၂၂ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံတွင် တီဘီရောဂါ ဖြစ်ပွားမှုသည် ၂၀၁၇-၂၀၁၈ခုနှစ်တွင် ၂၀၀၉-၂၀၁၀ခုနှစ်များထက် ထက်ဝက်ခန့်ကျဆင်းလာကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြောကြားသည်။

နေပြည်တော်၊ သြဂုတ် ၂၀ ရက်(ဆင်ဟွာ)

သူနာပြု လုပ်ငန်း ပိုမိုတွင်ကျယ်စေရန် သူနာပြုများကို ကူညီရမည့် အကူသူနာပြုများ မွေးထုတ်နိုင်ရေး အတွက် အကူသူနာပြု ကိုးလသင်တန်းများကို ဖွင့်လှစ်သွားမည်ဟု ကျန်းမာရေးနှင့်အားကစား ၀န်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မြင့်ထွေးက ယနေ့  အမျိုးသား လွှတ်တော်၌ ပြောကြားသည်။

နေပြည်တော်၊ သြဂုတ် ၂၀ ရက်(ဆင်ဟွာ)

၂၀၁၉ အောက်တိုဘာနှင့် နိုဝင်ဘာတို့ ၌ အသက် ကိုးလမှ ၁၈ လအတွင်း ကလေးငယ် လေးသန်း တို့ အား ၀က်သက်ရောဂါ နှင့် ဂျိုက်သိုးရောဂါ ကာကွယ်ဆေးများ ထိုးပေးရန် စီစဉ်လျက်ရှိသည်ဟု ကျန်းမာရေးနှင့်အားကစား ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မြင့်ထွေးက ယနေ့  အမျိုးသား လွှတ်တော် အစည်းအဝေးတွင် ပြောကြားခဲ့သည်။

ရန်ကုန် ၊ သြဂုတ် ၁၉ ရက်(ဆင်ဟွာ)

နိုင်ငံတစ်ဝန်း ရာသီတုပ်ကွေး ရောဂါ(A(H1N1)pdm 09) ဖြစ်ပွားမှုများကြောင့် ယနေ့ သြဂုတ် ၁၉ ရက် အထိ သေဆုံးသူ ၉၉ ဦး ထိ ရှိလာခဲ့ကြောင်း ပြည်သူ့ ကျန်းမာရေး ဦးစီးဌာန၏ ထုတ်ပြန်သော အချက်အလက်များ အရ သိရသည်။

ရန်ကုန် ၊ သြဂုတ် ၁၄ ရက်(ဆင်ဟွာ)

မြန်မာနိုင်ငံ၌ သွေးလွန်တုပ်ကွေး ရောဂါကြောင့် ယခုနှစ် ခုနှစ်လတာ ကာလ အတွင်း ဖြစ်ပွားသူပေါင်း ၁၀,၇၅၇ ဦး ရှိပြီး သေဆုံးသူ ၄၈ ဦး ရှိခဲ့ကြောင်း ပြည်သူ့  ကျန်းမာရေး ဦးစီးဌာန၏ ယနေ့ သတင်း ထုတ်ပြန်မှု အရ သိရသည်။

ရန်ကုန် ၊ သြဂုတ် ၁၄ ရက် (ဆင်ဟွာ)

 

နိုင်ငံတစ်ဝန်းတွင်  ရာသီတုပ်ကွေး H1N1 ရောဂါဖြစ်ပွားသူနှင့် သေဆုံးသူ နေ့စဉ်တိုးလာပြီး ၂၀၀၉ ခုနှစ် သြဂုတ် ၁၃ရက်အထိ သေဆုံးသူ  ၉၄ဦးရှိလာကြောင်း ပြည်သူ့ ကျန်းမာရေး ဦးစီးဌာန၏ ထုတ်ပြန်မှု အရ သိရသည်။

 

ရန်ကုန် ၊ သြဂုတ် ၈ ရက် (ဆင်ဟွာ)

 

နိုင်ငံတစ်ဝန်းတွင်  ရာသီတုပ်ကွေး H1N1 ရောဂါဖြစ်ပွားသူနှင့် သေဆုံးသူ နေ့စဉ်တိုးလာပြီး ၂၀၀၉ ခုနှစ် သြဂုတ် ၇ရက်အထိ သေဆုံးသူ  ၉၀ဦးရှိလာကြောင်း ပြည်သူ့ ကျန်းမာရေး ဦးစီးဌာန၏ ထုတ်ပြန်မှု အရ သိရသည်။

ရန်ကုန် ၊ သြဂုတ် ၄ ရက်(ဆင်ဟွာ)

တိုင်းဒေသကြီး နှင့် ပြည်နယ် ၉ ခုတွင် သြဂုတ် ၃ ရက်အထိ ရာသီ တုပ်ကွေး ရောဂါ (A(H1N1)pdm 09) ကြောင့် သေဆုံးသူ ဦးရေမှာ ၈၇ ဦးထိ ရှိလာခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီးတွင် ၆၃ ဦးဖြင့် အများဆုံး ဖြစ်ကြောင်း ပြည်သူ့ ကျန်းမာရေး ဦးစီးဌာန၏ ထုတ်ပြန်သော စာရင်းများ အရ သိရသည်။

ရန်ကုန် ၊ ဇူလိုင် ၂၉ ရက်(ဆင်ဟွာ)

အသည်းရောင်အသားဝါ ရောဂါများ ဖြစ်ပွားမှုများ လျော့နည်း ကျဆင်းစေရေး အတွက် လုပ်ငန်းများကို အရှိန်အဟုန်မြှင့် အလေးပေး ဆောင်ရွက် သွားကြရမည် ဖြစ်ကြောင်း ကျန်းမာရေး နှင့် အားကစား ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဒေါက်တာ မြင့်ထွေးက ပြောကြားခဲ့သည်။

ရန်ကုန် ၊ ဇူလိုင် ၂၈ ရက်(ဆင်ဟွာ)

တိုင်းဒေသကြီး နှင့် ပြည်နယ် ရှစ်ခုတွင် ဇူလိုင် ၂၇ ရက် အထိ ရာသီ တုပ်ကွေး ရောဂါ (A(H1N1)pdm 09) ကြောင့် သေဆုံးသူ ဦးရေမှာ ၇၈ ဦး ရှိလာခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီးတွင် အများဆုံး ဖြစ်ကာ ၆၀ ဦးထိ သေဆုံးခဲ့ကြောင်း ပြည်သူ့ ကျန်းမာရေး ဦးစီးဌာန၏ ထုတ်ပြန်မှု အရ သိရသည်။