17
Sun, Feb
650 New Articles

နေပြည်တော်၊ ဖေဖော်ဝါရီ ၁၃ ရက်(ဆင်ဟွာ)

ရင်ခွင်မဲ့ ကလေးငယ်များ ပြုစု စောင့်ရှောက်ရန် ကလေးပြုစုရေးဌာန (နေပြည်တော်) အဆောက် အအုံ ရတနာ ပန္နက်တော်တင် မင်္ဂလာ အခမ်းအနားကို နေပြည်တော် ဇမ္ဗူသီ၇ိမြို့ နယ် ၀ဏ္ဏသိဒ္ဓိ ရပ်ကွက်တွင် ယနေ့  နံနက်ပိုင်းကကျင်းပခဲ့ရာ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်နှင့်အတူ နိုင်ငံတော် အကြီးအကဲများ တက်ရောက်ခဲ့ကြသည်။

ရန်ကုန်၊ ဖေဖော်ဝါရီ ၃ ရက် (ဆင်ဟွာ)

စစ်ကိုင်းတိုင်းဒေသကြီး တွင် ကမ်းပြိုကာကွယ်ရေးလုပ်ငန်းပေါင်း ၄၅ ခုကို ငွေကျပ် ၉ ဘီလီယံခန့် အသုံးပြု ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန(ဒေသ ၆ စစ်ကိုင်းတိုင်းဒေသကြီးရုံး မုံရွာမြို့)မှ တာဝန်ရှိသူတစ်ဦးကပြောသည်။ 

ရန်ကုန်၊ ဇန်နဝါရီ ၂၇ ရက် (ဆင်ဟွာ)

 ရန်ကုန်မြို့ လှိုင်မြို့နယ်ရှိ MICT Park တွင် ဘားကမ့် ရန်ကုန် ၂၀၁၉ ရန်ကုန်အခမ်းအနားကို ဇန်နဝါရီလ ၂၆ ရက်နေ့တွင် ကျင်းပခဲ့ရာ ရန်ကုန်ကို စိတ်ကူးပြန်ဖော်ခြင်း (Reimagining Yangon) အစီအစဉ်၌ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ၀န်ကြီးချုပ်ဦးဖြိုးမင်းသိန်းပါဝင်ဆွေးနွေးခဲ့ကြောင်း သိရသည်။

ရန်ကုန်၊ ဇန်နဝါရီ ၂၃ ရက် (ဆင်ဟွာ)

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်မြို့တော် စည်ပင်သာယာအနေဖြင့် ပြည်သူလူထု အတွက် One Stop Service စီမံဆောင်ရွက် ပေးနိုင်မှုများ ဆောင်ရွက်ရမည် ဟု ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းက စည်ပင်သာယာရေးအဖွဲ့များ အလုပ်ရုံဆွေးနွေးပွဲတွင် ပြောသည်။

ရန်ကုန် ၊ ဇန်န၀ါရီ ၁၈ ရက်(ဆင်ဟွာ)

စိမ်းလန်းရောင်စုံ မြို့ရန်ကုန် ခေါင်းစဉ်ဖြင့် ၁၈ ကြိမ်မြောက် ရန်ကုန် မြို့ တော်ဝန် ဖလား ပန်းမန် ပြပွဲ ၊ ပြိုင်ပွဲအား ရန်ကုန်မြို့ ကန်တော်ကြီး သဘာဝ ဥယျာဉ် အတွင်းရှိ  မဟာမြိုင်ကျွန်း၌ ယနေ့ ဇန်န၀ါရီ ၁၈ ရက်တွင် ဖွင့်ပွဲ အခမ်းအနား နှင့် အတူ စတင် ဖွင့်လှစ် ပြသခဲ့ကြောင်း သိရသည်။

ရန်ကုန် ၊ ဇန်န၀ါရီ ၁၇ ရက်(ဆင်ဟွာ)

၇၁ နှစ်မြောက် ကချင်ပြည်နယ်နေ့ ဂုဏ်ပြု အထိမ်းအမှတ် အဖြစ် ပြည်နယ် အထိမ်းအမှတ် ကျောက်စိမ်းရတနာကို ပြည်သူများ လေ့လာ သိရှိနိုင်ရန် မြစ်ကြီးနားမြို့ လေဆိပ် အဆောက်အဦရှေ့၌ စိုက်ထူ ထားရှိမှုအား ဇန်န၀ါရီ ၁၆ ရက်တွင် ဖွင့်လှစ်ပေးခဲ့ကြောင်း ပြန်ကြားရေး ၀န်ကြီးဌာန၏ ထုတ်ပြန်သော သတင်း အရ သိရသည်။

ရန်ကုန် ၊ ဇန်န၀ါရီ ၁၆ ရက်(ဆင်ဟွာ)

ခရီးသွား ပြည်သူများ အနေဖြင့် YBS ယာဉ်များတွင် ကတ်စနစ်ဖြင့် ယာဉ်စီးခ ပေးချေမှုအား ၆ လ အတွင်း စတင် အသုံးပြုနိုင်မည် ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့ ဝန်ကြီးချုပ် ၊ ရန်ကုန်တိုင်းဒေသကြီး သယ်ယူ ပို့ ဆောင်ရေး ကြီးကြပ် ကွပ်ကဲမှု အာဏာပိုင် အဖွဲ့ (YRTA) နာယက ဦးဖြိုးမင်းသိန်းက ယနေ့  ပြောကြားခဲ့သည်။

ရန်ကုန်၊ ဇန်နဝါရီ ၁၆ ရက် (ဆင်ဟွာ)

၂၀၁၈ ခုနှစ် ဒီဇင်ဘာလအတွင်း ပြည်ပသို့တရားဝင် အလုပ်သွားရောက်လုပ်ကိုင်သူ ၁၆,၅၄၇ဦး နှင့် ပြည်တွင်းအလုပ်နေရာ ၁၃,၀၀၀ ကျော်အား ခန့်ထားနိုင်ခဲ့ကြောင်း သိရသည်။

ရန်ကုန် ၊ ဇန်န၀ါရီ ၁၂ ရက်(ဆင်ဟွာ)

ရခိုင်ပြည်နယ် အတွင်း တိုက်ပွဲများကြောင့် ဘေးဒုက္ခခံစားနေရသော ရခိုင်တိုင်းရင်းသားများ၊ ဒေသခံပြည်သူများ အား လူမှု ဝန်ထမ်း ၊ကယ်ဆယ်ရေး နှင့် ပြန်လည် နေရာ ချထားရေး ဝန်ကြီးဌာနမှ ထောက်ပံ့မှုများအား ဇန်န၀ါရီ ၁၁ ရက်တွင် ပေးအပ်ခဲ့ကြောင်း သိရသည်။

ရန်ကုန် ၊ ဇန်န၀ါရီ ၂ ရက်(ဆင်ဟွာ)

အမြင့်ဆုံးဆု ကျပ်သိန်း ၁၅,၀၀၀ ချီးမြှင့်မည့် (၁) ကြိမ်မြောက် ၁,၀၀၀ ကျပ်တန် အောင်ဘာလေထီ လက်မှတ်များကို ဖေဖော်ဝါရီ လ ၁ ရက်မှ စတင် ရောင်းချသွားမည် ဖြစ်ကြောင်း အောင်ဘာလေ သိန်းဆုဌာနခွဲမှ သတင်း ထုတ်ပြန်ခဲ့သည်။