15
Sat, Dec
663 New Articles

နေပြည်တော်၊ ဒီဇင်ဘာ ၁၁ ရက် (ဆင်ဟွာ)

(၁၉)ကြိမ်မြောက် အရှေ့ တောင်အာရှ တက္ကသိုလ်များ အားကစားပြိုင်ပွဲ၏  လေးနိုင်ငံတို့  သုံးရက်တာ ယှဉ်ပြိုင်ခဲ့သော  ရိုးရာခြင်းလုံးပြိုင်ပွဲ၌ နောက်ဆုံး ဗိုလ်လုပွဲကိုယနေ့ညနေပိုင်းတွင်  ကျင်းပခဲ့ရာ  အိမ်ရှင် မြန်မာနိုင်ငံ အသင်းက ရွှေတံဆိပ်ဆု ဆွတ်ခူးခဲ့ပြီး လာအိုအသင်းက ဒုတိယ၊ ထိုင်း အသင်း က တတိယ အသီးသီး ရရှိခဲ့ကြသည်။

ရန်ကုန်၊ ဒီဇင်ဘာ ၁၁ ရက် (ဆင်ဟွာ)

မြန်မာ လက်ရွေးစင် ယူ-၂၁ ဘောလုံးအသင်းသည် ဗီယက်နမ် ဖိတ်ခေါ်ဘောလုံးပြိုင်ပွဲ U21 INTERNATIONAL FOOTBALL TOURNAMENT 2018 ဝင်ရောက် ယှဉ်ပြိုင်ရန် အတွက် ဗီယက်နမ်နိုင်ငံသို့ထွက်ခွာသွားကြောင်း သိရသည်။

နေပြည်တော်၊ ဒီဇင်ဘာ ၁၁ ရက် (ဆင်ဟွာ)

(၁၉)ကြိမ်မြောက် အရှေ့ တောင်အာရှ တက္ကသိုလ်များ အားကစား ပြိုင်ပွဲများကို ဆက်လက် ကျင်းပ လျက်ရှိရာ ၀ူရှူးပြိုင်ပွဲ၏ ဒုတိယနေ့ ဖြစ်သော ယနေ့ နံနက်ပိုင်းတွင် မြန်မာအသင်းက ၀ူရှူး (အတိုက်) ပြိုင်ပွဲ၌  အမျိုးသမီး - ၅၂ ကီလိုတန်းတွင် နီနီအေးက ရွှေ တစ်ခု၊ အမျိုးသမီး - ၅၆ ကီလိုတန်းတွင် နန်းချယ်ရီသန်းက ရွှေ တစ်ဆု၊ စုစု ပေါင်း နှစ်ဆု ရရှိခဲ့သည်။ 

ရန်ကုန်၊ ဒီဇင်ဘာ ၁၁ ရက် (ဆင်ဟွာ)

(၁၉)ကြိမ်မြောက် အရှေ့တောင်အာရှ တက္ကသိုလ်များ အားကစားပြိုင်ပွဲ၏ ဘောလုံးပြိုင်ပွဲအုပ်စု ဒုတိယနေ့ကို ဒီဇင်ဘာလ ၁၀ရက်နေ့ ညနေပိုင်းက ဝဏ္ဏသိဒ္ဓိကွင်း၌ ကျင်းပရာ မြန်မာအသင်းက စင်ကာပူအသင်းကို နှစ်ဂိုး-တစ်ဂိုးဖြင့် အနိုင်ရခဲ့သည်။

နေပြည်တော်၊ ဒီဇင်ဘာ ၁၀ ရက်(ဆင်ဟွာ) 

(၁၉)ကြိမ်မြောက် အရှေ့တောင်အာရှ တက္ကသိုလ်များ အားကစား ပြိုင်ပွဲကို နေပြည်တော် ၀ဏ္ဏသိဒ္ဓိ အားကစားကွင်းတွင် ယနေ့  ညနေပိုင်း၌ ပြိုင်ပွဲ ကျင်းပရေး ဦးစီးကော်မတီ နာယက ဒုတိယ သမ္မတ ဦးမြင့်ဆွေက ဖွင့်လှစ်ပေးခဲ့သည်။ 

ရန်ကုန်၊ ဒီဇင်ဘာ ၆ ရက် (ဆင်ဟွာ)

အာဆီယံတက္ကသိုလ်များ အားကစားပြိုင်ပွဲအတွက် မြန်မာ့ လက်ရွေးစင်လှေလှော်အသင်းများ လေ့ကျင့်ပြင်ဆင်လျက်ရှိကြောင်း ပြန်ကြားရေးဝန်ကြီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။

ရန်ကုန်၊ ဒီဇင်ဘာ ၅ ရက် (ဆင်ဟွာ)

AFC U-20 Futsal Championship 2019 ပြိုင်ပွဲ ဝင် မြန်မာ့လက်ရွေးစင်ယူ-၁၉ ဖူဆယ် အသင်းသည် ပထမဆုံး ပွဲစဉ်အဖြစ် မလေးရှားယူ-၁၉ဖူဆယ် အသင်း နှင့်  ယနေ့ မြန်မာစံတော်ချိန် ညနေ ၃နာရီ ၄၅မိနစ်အချိန်တွင် ယှဉ်ပြိုင်ကစားမည်ဖြစ်ကြောင်း  MFF Futsal မှ သတင်းထုတ်ပြန်သည်။

နေပြည်တော်၊ နိုဝင်ဘာ ၃၀ ရက်(ဆင်ဟွာ)

မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် ပထမဆုံး အကြိမ် လက်ခံကျင်းပမည့် (၁၉) ကြိမ်မြောက် အရှေ့ တောင် အာရှ တက္ကသိုလ်များ အားကစားပြိုင်ပွဲ (၂၀၁၈ ဒီဇင်ဘာ  ၁၀ ရက်မှ ၁၉ ရက်နေ့ အထိ)အတွက် ပြိုင်ပွဲတိုင်း အောင်နိုင်ရေး ရေကုန်ရေခန်း ကြိုးပမ်း ယှဉ်ပြိုင်ကြရန် ဒုတိယ သမ္မတ ဦးမြင့်ဆွေက ယနေ့  နံနက် တိုက်တွန်း ပြောကြားခဲ့သည်။

ရန်ကုန်၊ နိုဝင်ဘာ ၂၇ ရက် (ဆင်ဟွာ)

မြန်မာ့လက်ရွေးစင် ယူ-၁၉ ဖူဆယ်အသင်းသည် ထိုင်းနိုင်ငံတွင် ကျင်းပမည့် 2019 AFC U-20 Futsal Championship qualification ၂၀၁၉ အာရှယူ-၂၀ ဖူဆယ် ချန်ပီယံရှစ်ပြိုင်ပွဲ ခြေစစ်ပွဲ ယှဉ်ပြိုင်ရန် ထိုင်းနိုင်ငံသို့ ယနေ့သွားရောက်မည် ဖြစ်ကြောင်း သိရသည်။

ရန်ကုန်၊ နိုဝင်ဘာ ၂၇ ရက် (ဆင်ဟွာ)

 

နိုင်ငံပေါင်း ၁၁နိုင်ငံ ပါဝင်ယှဉ်ပြိုင်မည့် (၁၉)ကြိမ်မြောက် အရှေ့တောင်အာရှ တက္ကသိုလ်များ အားကစားပြိုင်ပွဲ၌ မြန်မာနိုင်ငံအနေဖြင့် အားကစား နည်းအမျိုးအစားအားလုံးတွင် ပါဝင်ယှဉ်ပြိုင်နိုင်ရေးနှင့် အောင်နိုင်မှုရရှိရေးတို့အတွက် ကြိုးစား ဆောင်ရွက်သွားရန် ဦးစီးကော်မတီ နာယက ဒုတိယသမ္မတ ဦးမြင့်ဆွေ တိုက်တွန်း ပြောကြားသည်။