18
Sun, Aug
565 New Articles

စတုတ္ထ အကြိမ်မြောက် တရုတ်-မြန်မာ ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရေးနေ့ အထိမ်းအမှတ် အခမ်းအနား  ရန်ကုန်မြို့ တွင် ကျင်းပ

စတုတ္ထ အကြိမ်မြောက် တရုတ်-မြန်မာ ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရေးနေ့ တွင် စုပေါင်း အမှတ်တရ ဓာတ်ပုံ ရိုက်ကူးစဉ်(ဆင်ဟွာ) Culture

 

ရန်ကုန် ၊ ဇွန် ၂၁ ရက် (ဆင်ဟွာ)

စတုတ္ထ အကြိမ်မြောက် တရုတ်-မြန်မာ ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရေးနေ့ အထိမ်းအမှတ် အခမ်းအနား အား ဇွန်လ ၂၁ ရက် ညပိုင်း အချိန်တွင် ရန်ကုန်မြို့ ရှိ Pan Pacific ဟိုတယ် ၌ ကျင်းပ ပြုလုပ် ခဲ့သည်။

အခမ်းအနား သို့ မြန်မာ နိုင်ငံ နိုင်ငံ တော် အတိုင်ပင်ခံရုံး ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဦးကျော်တင့်ဆွေ ၊ မြန်မာ နိုင်ငံ ဆိုင်ရာ တရုတ် နိုင်ငံ သံအမတ်ကြီး ချန်းဟိုင် ( Chen Hai ) ၊ ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း နှင့် ဇနီး ၊ အမှတ်(၂) စစ်ဆင်ရေး အထူးအဖွဲ့ မှူး ဒုတိယ ဗိုလ်ချုပ်ကြီး သန်းထွန်းဦး နှင့် ဇနီး ၊ စတုတ္ထ အကြိမ်မြောက် တရုတ်-မြန်မာ ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရေးနေ့ ပွဲဖြစ်မြောက်ရေး ကော်မတီ ဥက္ကဋ္ဌ ဦးယုံးမူ နှင့် ဇနီး နှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော် များ တက်ရောက် ခဲ့ကြသည်။

 မြန်မာ နိုင်ငံ ဆိုင်ရာ တရုတ် နိုင်ငံ သံအမတ်ကြီး ချန်းဟိုင် က အဖွင့် အမှာစကား ပြောကြား နေစဉ်(ဆင်ဟွာ)

မြန်မာ နိုင်ငံ ဆိုင်ရာ တရုတ် နိုင်ငံ သံအမတ်ကြီး ချန်းဟိုင် က အဖွင့် အမှာစကား ပြောကြားရာတွင် “ဆွေမျိုးပေါက်ဖော်” ချစ်ကြည်ရေး က တရုတ်-မြန်မာဆက်ဆံရေး တည်ငြိမ်ဖွံ့ဖြိုးတိုးတက်ရေး အတွက် အရေးပါသည့် အခြေခံအုတ်မြစ် ဖြစ်နေပြီး ယခုအချိန် တွင် “ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရေးနေ့” အထိမ်းအမှတ် အခမ်းအနားကျင်းပရခြင်း မှာ တရုတ်-မြန်မာ “ဆွေမျိုးပေါက်ဖော်” ချစ်ကြည်ရေးကို ဆက်လက်ပြန့်ပွားစေရေး နှင့် လက်ဆင့်ကမ်းနိုင်ရေးအတွက်ဖြစ်ကြောင်း ၊ တရုတ်-မြန်မာ သံတမန်ဆက်ဆံရေး ထူထောင် ခဲ့သည့် (၆၉) နှစ်တာ ကာလအတွင်း နှစ်နိုင်ငံဆက်ဆံရေး က စမ်းသပ်မှုများစွာ ခံခဲ့ရပြီး ပိုမိုခိုင်မာလာခဲ့ကြောင်း ၊ နှစ်နိုင်ငံ နိုင်ငံရေး အရ အပြန်အလှန်ယုံကြည်မှု က တစ်နေ့တစ်ခြား ပိုမို နက်ရှိုင်းလာ ခဲ့ပြီး လက်တွေ့ပူးပေါင်း ဆောင်ရွက်မှုရလဒ်များ ပိုမို များပြား လာခဲ့ကာ ဘက်စုံမဟာဗျူဟာမြောက်ပူးပေါင်းဆောင်ရွက်မှု မိတ်ဖက်ဆက်ဆံရေး အဆက်မပြတ် နက်ရှိုင်းစွာ တိုးတက်လျက်ရှိကြောင်း ၊ တရုတ်နိုင်ငံ က တရုတ်-မြန်မာဆက်ဆံရေးကို များစွာ အလေးထားပြီး “ဆွေမျိုးပေါက်ဖော်” ချစ်ကြည်ရေးကို ထိန်းသိမ်းရင်း မဟာဗျူဟာ ချိတ်ဆက်မှုကို မြှင့်တင်နိုင်ရန် ဆန္ဒရှိကြောင်း ၊  ရပ်ဝန်း နှင့် ပိုးလမ်းမ နှင့် တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ တည်ဆောက်ရေးကို တစိုက်မတ်မတ်တွန်းအားပေးဖော်ဆောင်၍ တရုတ်-မြန်မာ ကံကြမ္မာအကျိုးတူ အသိုက်အ၀န်း အတူတကွလက်တွဲတည်ဆောက်ရန်လည်း ဆန္ဒရှိကြောင်း ၊ တရုတ်-မြန်မာဆက်ဆံရေး ခေတ်ကာလသစ် တွင် ဖွံ့ဖြိုးတိုးတက်မှုများ ပိုမိုရရှိလာရေး နှင့် နှစ်နိုင်ငံ နှင့် နှစ်နိုင်ငံပြည်သူလူထုကို ပိုမိုအကျိုးပြု နိုင်ရေးအတွက် အင်တိုက်အားတိုက်အကျိုးဆောင်နိုင်ရန် ဆန္ဒရှိပါကြောင်း ပြောကြား ခဲ့သည်။

မြန်မာ နိုင်ငံ နိုင်ငံ တော် အတိုင်ပင်ခံရုံး ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဦးကျော်တင့်ဆွေ က နှုတ်ခွန်းဆက် အမှာစကား ပြောကြား နေစဉ်(ဆင်ဟွာ)

မြန်မာ နိုင်ငံ နိုင်ငံ တော် အတိုင်ပင်ခံရုံး ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဦးကျော်တင့်ဆွေ က နှုတ်ခွန်းဆက် အမှာစကား ပြောကြားရာတွင် မြန်မာ-တရုတ် နှစ်နိုင်ငံ ပြည်သူလူထု အကြား ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရင်းနှီးမှု မှ တစ်ဆင့် နှစ်ဦးနှစ်ဖက် အကျိုးဖြစ်ထွန်းစေရန် ရည်ရွယ်ပြီး ၂၀၁၆ ခုနှစ် မှ စတင် ၍ နှစ်စဉ် ဆွေမျိုးပေါက်ဖော် ဆက်ဆံရေးနေ့ ကို ကျင်းပ ပြုလုပ် ခဲ့ကြောင်း ၊ မြန်မာ နိုင်ငံ နှင့် တရုတ် နိုင်ငံ အကြား ၁၉၅၀ ခုနှစ် ၌ သံတမန် ဆက်ဆံရေး စတင်ထူထောင်ချိန် မှ စ၍ နှစ်နိုင်ငံ အကြား သက်တမ်းရှည်ကြာသည့် ချစ်ကြည်ရင်းနှီးသော ဆက်ဆံရေး ဖြစ်ထွန်းခဲ့ကြောင်း ၊ ဆွေမျိုးပေါက်ဖော် ဆက်ဆံရေး မှ တစ်ဆင့် ဘက်စုံမဟာဗျူဟာမြောက်ပူးပေါင်းဆောင်ရွက်မှု မိတ်ဖက်ဆက်ဆံရေး အဆင့်သို့ တိုးမြှင့်နိုင်ခဲ့ပြီး ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး မူကြီး (၅) ရပ် မူဘောင်များ နှင့် အညီ ပူးပေါင်းဆောင်ရွက်မှု မိတ်ဖက် ဆက်ဆံရေး အား ပိုမို တောင့်တင်း ခိုင်မာ ကျယ်ပြန့် နက်ရှိုင်း အောင် ဆောင်ရွက် နိုင်ခဲ့ကြောင်း ၊ ယခုချိန် တွင် ရပ်ဝန်း နှင့် ပိုးလမ်းမ နှင့် နှစ်နိုင်ငံ စီးပွားရေး စင်္ကြံ အပါအဝင် သိသာထင်ရှား သည့် ပူးပေါင်းဆောင်ရွက်မှုများ လုပ်ဆောင် နိုင်ခဲ့ပြီး နှစ်နိုင်ငံ ဆက်ဆံရေး မှာလည်း အကောင်းဆုံး အခြေအနေ သို့ ရောက်ရှိနေပြီ ဖြစ်ကြောင်း ၊ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တရုတ် နိုင်ငံ သို့ သွားရောက်သည့် ခရီးစဉ် အတွင်း တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန် နှင့် ဝန်ကြီးချုပ် လီခဲ့ချန် တို့နှင့် တွေ့ဆုံဆွေးနွေး ခဲ့စဉ် တရုတ် နိုင်ငံ အစိုးရ က မြန်မာ နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်း နှင့် နည်းပညာ ပူးပေါင်းဆောင်ရွက်ရေး လုပ်ငန်းများ အတွက် မြန်မာ နိုင်ငံ အစိုးရ အား ယွမ်ငွေ တစ် ဘီလီယံ အကူအညီ အထောက်အပံ့ ပေးအပ်သွားမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည့် အတွက် ကျေးဇူးတင်ရှိကြောင်း ၊ တရုတ် နိုင်ငံ အနေဖြင့် မြန်မာ နိုင်ငံ တိုးတက်ဖွံ့ဖြိုးရေး အတွက် အကူအညီများ ပေးအပ်သည့် အပြင် လက်ရှိ မြန်မာ နိုင်ငံ မှ ကြုံတွေ့နေရသည့် စိန်ခေါ်မှုများ နှင့် ပတ်သက်၍ နိုင်ငံတကာ မျက်နှာစာ တွင် နားလည်မှု အပြည့်အဝ ဖြင့် မြန်မာ နိုင်ငံ ဘက်မှ ထောက်ခံရပ်တည် ပေးသည့် အတွက် လည်း ကျေးဇူးတင်ရှိကြောင်း ပြောကြား ခဲ့သည်။

စတုတ္ထ အကြိမ်မြောက် တရုတ်-မြန်မာ ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရေးနေ့ ပွဲဖြစ်မြောက်ရေး ကော်မတီ ဥက္ကဋ္ဌ ဦးယုံးမူ က နှုတ်ခွန်းဆက်စကား ပြောကြား နေစဉ်(ဆင်ဟွာ)

စတုတ္ထ အကြိမ်မြောက် တရုတ်-မြန်မာ ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရေးနေ့ ပွဲဖြစ်မြောက်ရေး ကော်မတီဥက္ကဋ္ဌ  ဦးယုံးမူ က နှုတ်ခွန်းဆက် စကား ပြောကြားရာတွင် မြန်မာ-တရုတ် နှစ်နိုင်ငံ က တောတောင်ရေမြေခြင်း ထိဆက် နေပြီး နှစ်နိုင်ငံ ပြည်သူလူထု အကြား ကောင်းမွန်သည့် ချစ်ကြည်ဆက်ဆံရေး တည်ရှိကြောင်း ၊ တရုတ် နိုင်ငံ က နိုင်ငံတကာ ကိစ္စရပ်များ တွင် မြန်မာ နိုင်ငံ အား ထောက်ခံအားပေးမှုများ ပြုလုပ်ပေးခြင်း သည် နှစ်နိုင်ငံ ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရေး ကို ဖော်ပြပေးခဲ့ခြင်း ဖြစ်ကြောင်း ၊ နှစ်နိုင်ငံ အနေဖြင့် စီးပွားရေး ၊ ကုန်သွယ်ရေး နှင့် နိုင်ငံတကာ ကိစ္စရပ် များ တွင် ပူးပေါင်းဆောင်ရွက်မှုများ ဖွံ့ဖြိုးတိုးတက် လာခဲ့ပြီး နှစ်နိုင်ငံ ဆွေမျိုးပေါက်ဖော် ချစ်ကြည် ဆက်ဆံရေး ကိုလည်း တိုးမြှင့် ပေးနိုင်ခဲ့ကြောင်း ၊ မိမိ တို့ အနေဖြင့် မြန်မာ-တရုတ် ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရေးနေ့ အား ထာဝရ ကျင်းပ သွားနိုင်ရန် အတူတကွ ကြိုးပမ်းသွားရမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

စတုတ္ထ အကြိမ်မြောက် တရုတ်-မြန်မာ ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရေးနေ့ တွင် ၂၀၁၉ ခုနှစ် တရုတ်-မြန်မာ ချစ်ကြည်ရေး ပညာသင်ဆု ပေးအပ်နေစဉ်(ဆင်ဟွာ)

စတုတ္ထ အကြိမ်မြောက် တရုတ်-မြန်မာ ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရေးနေ့ တွင် တရုတ်-မြန်မာ ချစ်ကြည်ရေး ရန်ပုံငွေ လွှဲပြောင်းပေးအပ် နေစဉ်(ဆင်ဟွာ)

စတုတ္ထ အကြိမ်မြောက် တရုတ်-မြန်မာ ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရေးနေ့ အထိမ်းအမှတ် အခမ်းအနား ကျင်းပ ပြုလုပ်နေစဉ်(ဆင်ဟွာ)

စတုတ္ထ အကြိမ်မြောက် တရုတ်-မြန်မာ ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရေးနေ့ အား မြန်မာ နိုင်ငံ ဆိုင်ရာ တရုတ် နိုင်ငံ သံရုံး နှင့် စတုတ္ထ အကြိမ်မြောက် တရုတ်-မြန်မာ ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရေးနေ့ ပွဲဖြစ်မြောက်ရေး ကော်မတီ တို့ မှ ပူးပေါင်းကျင်းပ ပြုလုပ်ပေးခဲ့ခြင်း ဖြစ်ပြီး အခမ်းအနား တွင် မြန်မာ နိုင်ငံ ပညာရေး ကဏ္ဍ တိုးတက်မြင့်မားရေး နှင့် လူ့အရင်းအမြစ် ခိုင်လုံစေရန် အတွက် မြန်မာ နိုင်ငံ ရှိ ကျောင်းပေါင်း ၃၀ အား ၂၀၁၉ ခုနှစ် တရုတ်-မြန်မာ ချစ်ကြည်ရေး ပညာသင်ဆု အနေဖြင့် ကျပ်ငွေ သိန်းပေါင်း ၂,၂၀၀ ကို ပေးအပ် လှူဒါန်း ခဲ့သည်။ ထို့ပြင် မြန်မာ နိုင်ငံ သဘာဝဘေးသင့် ဒုက္ခသည် နှင့် စစ်ဘေးဒုက္ခသည် များ အတွက် တတိယ အကြိမ်မြောက် တရုတ်-မြန်မာ ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရေးနေ့ ပွဲဖြစ်မြောက်ရေး ကော်မတီ ဥက္ကဋ္ဌ ဦးချစ်စိန် က တရုတ်-မြန်မာ ချစ်ကြည်ရေး ရန်ပုံငွေ ငွေကျပ် သိန်း ၆၀၀ အား မြန်မာ နိုင်ငံ အစိုးရ ထံသို့ လွှဲပြောင်းပေးအပ် လှူဒါန်းခဲ့သည်။(Xinhua)