15
Sat, Dec
663 New Articles

ရန်ကုန် ၊ ဒီဇင်ဘာ ၇ ရက် (ဆင်ဟွာ)

မြန်မာ နိုင်ငံ အထည်ချုပ် လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရန် ရည်ရွယ်၍ တရုတ် နိုင်ငံ စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန က ဦးစီး ကျင်းပ ပြုလုပ်သည့် “တရုတ် နိုင်ငံ ချည်မျှင် နှင့် အထည်အလိပ် ကုန်စည်ပြပွဲ”  ဖွင့်ပွဲ အခမ်းအနား အား ဒီဇင်ဘာ ၇ ရက် နံနက်ပိုင်း က ရန်ကုန်မြို့ ရှိ မြန်မာကွန်ဗင်းရှင်း စင်တာ (MCC) တွင် ကျင်းပ ပြုလုပ် ခဲ့သည်။

 

နေပြည်တော် ၊ နိုဝင်ဘာ ၈ ရက်(ဆင်ဟွာ)

ကျောက်ဖြူ အထူးစီးပွားရေးဇုန် ရေနက် ဆိပ်ကမ်း စီမံကိန်း မူဘောင် သဘောတူညီချက်(Framework Agreement) အား ကျောက်ဖြူ အထူးစီးပွားရေးဇုန် စီမံခန့် ခွဲမှု ကော်မတီ နှင့် CITIC Consortium တို့ အကြား သဘောတူညီချက် လက်မှတ်ရေးထိုးခြင်းအား ယနေ့ တွင် နေပြည်တော်ရှိ စီးပွားရေး နှင့် ကူးသန်း ရောင်းဝယ်ရေး ၀န်ကြီးဌာန၌ ကျင်းပ ပြုလုပ်ခဲ့ကြသည်။

နေပြည်တော်၊ အောက်တိုဘာ ၂၂ ရက် (ဆင်ဟွာ)

တရုတ် - မြန်မာ နှစ်နိုင်ငံ နှစ်ဘက် ကုန်စည်များအား နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းမှတစ်ဆင့် အချိန်တိုအတွင်း ထိရောက်၊ လျင်မြန် လွယ်ကူစွာ သယ်ယူ ပို့ ဆောင်နိုင်ရေး၊ ကုန်စည် သယ်ယူရာ တွင် သဘာဝ ပတ်ဝန်းကျင် ထိခိုက်မှု အသက်သာဆုံး ဖြစ်ရေး၊ ဒေသတွင်း ပြည်သူများ အလုပ် အကိုင် အခွင့်အလမ်းများ ရရှိပြီး လူမှု စီးပွား ဖွံ့ ဖြိုးတိုးတက်စေရေး တို့ အတွက် မူဆယ် - မန္တလေး ရထားလမ်း ဖောက်လုပ်ရန် ဖြစ်မြောက်နိုင်ခြေ လေ့လာမှု (Feasibility study) နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုးပွဲကို နေပြည်တော်ရှိ ပို့ ဆောင်ရေးနှင့် ဆက်သွယ်ရေး ၀န်ကြီးဌာန၌ ယနေ့ ညနေတွင် ပြုလုပ်ခဲ့သည်။

ရန်ကုန် ၊ အောက်တိုဘာ ၁၈ ရက် (ဆင်ဟွာ)

မြန်မာ နိုင်ငံ ရှိ တရုတ် နိုင်ငံ ရင်းနှီးမြှုပ်နှံသည့် လုပ်ငန်း ကုမ္ပဏီ များ လူမှုရေး တာဝန်ယူမှု နှင့် အလုပ်ရှင်အလုပ်သမား ဆက်ဆံရေး တွန်းအားပေး ဆောင်ရွက်ရန် အတွက် တရုတ် နိုင်ငံ အထည်အလိပ်လုပ်ငန်း အသင်းချုပ် (China National Textile And Apparel Council, CNTAC) က အောက်တိုဘာ ၁၈ ရက် မှ ၁၉ ရက် အထိ ရန်ကုန် မြို့ တွင် သင်တန်း ပို့ချမှုများ ပြုလုပ်သွားမည် ဖြစ်သည်။

ရန်ကုန် ၊ အောက်တိုဘာ ၁၇ ရက် (ဆင်ဟွာ)

တရုတ် နိုင်ငံ အထည်အလိပ်လုပ်ငန်း အသင်းချုပ် (China National Textile And Apparel Council, CNTAC) က မြန်မာ နိုင်ငံ ရှိ အထည်ချုပ် လုပ်ငန်း ကုမ္ပဏီ များ ရေရှည်ဖွံ့ဖြိုးတိုးတက်ရန် နှင့် တာဝန်ယူမှု ရှိသည့် ရင်းနှီးမြှုပ်နှံမှု များ ဖြစ်စေရန် အတွက် မြန်မာ နိုင်ငံ ရှိ အထည်ချုပ် လုပ်ငန်း အသင်း အဖွဲ့များ နှင့် ပူးပေါင်းဆောင်ရွက်မှု  ပြုလုပ်ရန် အောက်တိုဘာ ၁၇ ရက် ၌ ရန်ကုန် မြို့ သို့ ရောက်ရှိခဲ့သည်။

ရန်ကုန် ၊ အောက်တိုဘာ ၉ ရက် (ဆင်ဟွာ)

UnionPay Myanmar ၏ “Launch of UnionPay Facebook Page & Educational Video” ပွဲအခမ်းအနား ကို အောက်တိုဘာ ၉ ရက် နံနက်ပိုင်း အချိန်တွင် ရန်ကုန်မြို့ရှိ Junction City , Promotion Area တွင် စတင်ကျင်းပ ပြုလုပ်ခဲ့ပြီး မြန်မာ နိုင်ငံ ရှိ ပြည်တွင်း Partner Bank များ အတွင်း မှ AGD,AYA,CB နှင့် MOB ဘဏ် တို့မှ  ပူးပေါင်းပါဝင်ခဲ့ကြကာ အခမ်းအနား တွင် UnionPay Card များ နေ့ချင်းပြုလုပ်ပေးခဲ့သည်။

 

ရန်ကုန် ၊ စက်တင်ဘာ ၁၀ ရက်(ဆင်ဟွာ)

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းများနှင့် ရပ်ဝန်းနှင့်လမ်းကြောင်း ဖွံ့ဖြိုးတိုးတက်ရေး ဆွေးနွေးပွဲ ကို မြန်မာ-တရုတ်ချစ်ကြည်ရေးအသင်းနှင့် တရုတ်နိုင်ငံ မကာအို-မြန်မာချစ်ကြည်ရေးအသင်းတို့ ပူးပေါင်း၍ ယနေ့(စက်တင်ဘာလ  ၁၀ ရက်)နံနက်ပိုင်းတွင် ရန်ကုန်မြို့ဆူးလေ Shangrila Hotel တွင် ကျင်းပခဲ့သည်။

ရန်ကုန် ၊ သြဂုတ် ၂၈ ရက် (ဆင်ဟွာ)

ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ် သို့ သြဂုတ်လ ၂၈ ရက် ညနေပိုင်း အချိန် တွင် China Eastern Airlines လေယာဉ် အမှတ်စဉ် MU 2031 ဖြင့် တရုတ် နိုင်ငံ ကူမင်း မြို့ မှ ရန်ကုန် မြို့ သို့ ပြန်လည် ရောက်ရှိလာသည့် ခရီးသည် အား ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ် Terminal 1 ၌ အခမ်းအနား ဖြင့် ကြိုဆိုခဲ့ပြီး ဂုဏ်ပြုအမှတ်တရ ဆုများ ပေးအပ် ခဲ့သည်။

ရန်ကုန် ၊ သြဂုတ် ၂၄ ရက် (ဆင်ဟွာ)

တရုတ် နိုင်ငံ စက်မှု နှင့် စီးပွားရေး ဘဏ် (ICBC) ရုံးခန်းသစ် ဖွင့်ပွဲ နှင့် ငွေကြေး ရင်းနှီးမြှုပ်နှံမှု ဆိုင်ရာ ရှင်းလင်းတင် ဆက်ပွဲ အခမ်းအနား ကို သြဂုတ်လ ၂၄ ရက် တွင် ရန်ကုန်မြို့ ၊ Crystal Tower ရှိ ICBC ရုံးခန်း တွင် ကျင်းပ ပြုလုပ် ခဲ့သည်။

ရန်ကုန် ၊ သြဂုတ် ၁၈ ရက် (ဆင်ဟွာ)

China Nonferrous Metal Mining (Group) Co., Ltd (CNMC) ၏ မြန်မာ နိုင်ငံ အတွင်း ရင်းနှီးမြှုပ်နှံသည့် Myanmar CNICO ကုမ္ပဏီ (၁၀) နှစ် ပြည့် လူမှုရေး ဆိုင်ရာ တာဝန်ယူမှု (CSR) ထုတ်ပြန်ကြေညာခြင်း အခမ်းအနား နှင့် လုပ်ငန်း စဉ်ဆက် ဖွံ့ဖြိုးရေး ဆိုင်ရာ ဖိုရမ် အား သြဂုတ်လ ၁၈ ရက် ညနေပိုင်း က ရန်ကုန်မြို့ ရှိ Sedona ဟိုတယ် တွင် ကျင်းပခဲ့သည်။

Page 1 of 3