15
Sat, Dec
663 New Articles

ရန်ကုန် တရုတ်ယဉ်ကျေးမှု စင်တာ၌ နိုဝင်ဘာလ သင်တန်းသစ် ၃ ခု ဖွင့်လှစ် သင်ကြားမည်

ရန်ကုန် တရုတ်ယဉ်ကျေးမှု စင်တာတွင် ဇွန်လ အတွင်း ပြုလုပ်ခဲ့သည့် တရုတ် စာပေ ပေါင်းကူးတံတား နောက်ဆုံး အဆင့် ပြိုင်ပွဲတွင် ယှဉ်ပြိုင်နေမှုများအား တွေ့ ရစဉ် (ဆင်ဟွာ) Social

ရန်ကုန် ၊ နိုဝင်ဘာ ၂၄ ရက်(ဆင်ဟွာ)

ရန်ကုန် တရုတ်ယဉ်ကျေးမှု စင်တာ၌ နိုဝင်ဘာလ သင်တန်းသစ်များ အဖြစ် တရုတ် ရိုးရာ အက သင်တန်း ၊ တရုတ်စာ လက်ရေးလှ နှင့် ရိုးရာ ပန်းချီဆွဲ သင်တန်း ၊ တရုတ်ရိုးရာ Hulusi တီးမှုတ် တူရိယာ သင်တန်း တို့ အား သင်တန်းကြေး အခမဲ့ဖြင့် ဖွင့်လှစ် သင်ကြားပေးသွားမည် ဖြစ်ကြောင်း သိရသည်။

ထိုသင်တန်းများအားလုံးကို နိုဝင်ဘာ ၂၉ ရက်မှ ဒီဇင်ဘာ ၆ ရက် အထိ ရုံးချိန် ၊ ကျောင်းချိန် ပြင်ပ ဖြစ်သည့် နံနက်ပိုင်းတွင် ၆ နာရီ ၄၅ မိနစ်မှ ၈ နာရီ ၁၅ မိနစ် အထိ လည်းကောင်း ၊ ညနေပိုင်းတွင် ၆ နာရီခွဲမှ ၈ နာရီ အထိ လည်းကောင်း စီစဉ်ထားပြီး သင်တန်းချိန် နှစ်ခုမှ မိမိ နှစ်သက် အဆင်ပြေရာ အတန်းချိန်ကို ရွေးချယ် တက်ရောက် နိုင်ကြောင်း သိရသည်။

သင်တန်းများကို တက်ရောက်ရန် ရန်ကုန် တရုတ်ယဉ်ကျေးမှု စင်တာ ၊ ဖုန်းနံပါတ် 09421093629 ၊ အမှတ် ၃၉ ၊ ဒုတိယထပ် ၊ မင်းရဲကျော်စွာလမ်း ၊ အလုံမြို့ နယ်သို့ ဆက်သွယ်၍ နာမည် စာရင်း ပေးသွင်း နိုင်ကြောင်း သိရသည်။(Xinhua)