15
Sun, Sep
496 New Articles

အိန္ဒိယနိုင်ငံသမ္မတက မိုဒီအား ၀န်ကြီးချုပ်အဖြစ် ထပ်မံတာဝန်ထမ်းဆောင်ခွင့် ပြု

အိန္ဒိယနိုင်ငံ ၀န်ကြီး နာရန်ဒြာ မိုဒီ မေ ၂၅ ရက်က နယူးဒေလီတွင် မီဒီယာများနှင့်တွေ့ဆုံစဉ်(ဆင်ဟွာ) Asia

နယူးဒေလီ၊ မေ ၂၆ ရက်(ဆင်ဟွာ)

အိန္ဒိယနိုင်ငံ သမ္မတ   Ram Nath Kovindက လက်ရှိဝန်ကြီးချုပ် နာရန်ဒြာ မိုဒီအား ဒုတိယသက်တမ်းအတွက် ဆက်လက်တာဝန်ထမ်းဆောင်ရန် အတည်ပြုကြောင်း မေ ၂၅ ရက်က ကြေညာခဲ့ပြီး တစ်ချိန်တည်းမှာပင် ၄င်း၏အစိုးရ အဖွဲ့ ဝင် ဝန်ကြီးများ အမည်စာရင်းကိုလည်း တင်သွင်းရန် အမိန့် ပေးခဲ့ကြောင်း သိရသည်။ 

ထို့ ပြင် သမ္မတ အိမ်တော်က ဝန်ကြီးချုပ် ကျမ်းသစ္စာကျိန်ဆိုပွဲကျင်းပမည့် အချိန်ဇယားအသေးစိတ်အစီအစဉ်ကို ထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်း မေ ၂၅ ရက် ညပိုင်းက လူမှု ကွန်ရက်မီဒီယာတွင် သတင်းထုတ်ပြန်ခဲ့သည်။ 

ထို့နောက် နာရန်ဒြာမိုဒီကလည်း ၄င်း၏ ၀န်ကြီးချုပ်ဒုတိယ သက်တမ်းကို စတင် လိုက်ပြီဖြစ်ကြောင်း လူထုမိန့်ခွန်းပြောကြားရာတွင် အတည်ပြုပြောကြားခဲ့သည်။ “အစိုးရသစ်အနေနဲ့ အားလုံးရဲ့အိမ်မက်တွေကို ကြိုးစားအကောင်အထည်ဖော်ပေးသွားမှာ ဖြစ်ပါ တယ်။ အများမျှော်လင့်ချက်တွေ အလဟဿမဖြစ်စေရပါဘူး”ဟု ၄င်းက ဆိုသည်။ 

ယခုရက်ပိုင်းများတွင် ကျင်းပသည့် အိန္ဒိယ အောက်လွှတ်တော်ရွေးကောက်ပွဲ၏ ရလဒ်များကို မေ ၂၄ ရက်တွင် ထုတ်ပြန်ခဲ့ရာ လက်ရှိ အာဏာရပါတီ ဖြစ်သည့် BJP ပါတီက လွှတ်တော်၏ ၃၀၃ နေရာ အနိုင်ရရှိခဲ့ပြီး ၄င်း ဦးဆောင်သည့် National Democratic Alliance (NDA)မှ ၃၅၂ နေရာ နှင့် အကြီးဆုံး တိုက်ခံပါတီဖြစ် သည့် INC ပါတီက ၅၂ နေရာသာ ရရှိခဲ့သောကြောင့် မိုဒီ ၀န်ကြီးချုပ် အဖြစ် ဆက်လက်တာဝန်ထမ်းဆောင်ရန်မှာ သေချာခဲ့သည်။ 

မိုဒီသည် ၂၀၁၄ ခုနှစ် အိန္ဒိယ အောက်လွှတ်တော်ရွေးကောက်ပွဲတွင်လည်း BJP ပါတီကို ဦးဆောင်ပြီး လွှတ်တော်နေရာ တစ်ဝက်ကျော် အနိုင်ရရှိခဲ့ရာ ၂၀၁၄ ခုနှစ် မေလ တွင် ၀န်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ (Xinhua)