18
Sun, Aug
565 New Articles

အိန္ဒိယနိုင်ငံမွမ်ဘိုင်းမြို့ ၌ အဆောက်အအုံပြိုကျမှုဖြစ်ပွားပြီးနောက် လူ ၅ဝ ကျော်ပိတ်မိနေ

အိန္ဒိယနိုင်ငံ မွမ်ဘိုင်းမြို့ ၌ အဆောက်အအုံပြိုကျမှုဖြစ်ပွားပြီးနောက် ကယ်ဆယ်ရေးဆောင်ရွက်နေစဉ်(ဓာတ်ပုံ-အင်တာနက်) Asia

မွမ်ဘိုင်း ၊ ဇူလိုင် ၁၆ ရက်(ဆင်ဟွာ)

အိန္ဒိယနိုင်ငံ မွမ်ဘိုင်းမြို့ ၌ ယနေ့ ဇူလိုင် ၁၆ ရက်တွင် လေးထပ် အဆောက်အအုံတစ်လုံးပြိုကျမှုဖြစ်ပွားပြီးနောက် အနည်းဆုံး လူပေါင်း ၅ဝ ကျော် အပျက်အစီးပုံအတွင်း ပိတ်မိနေကြောင်း BrihanMumbai မြူနီစီပယ်ကော်ပိုရေးရှင်း၊ ဘေးအန္တရာယ်စီမံခန့် ခွဲရေးဌာန၏ ပြောကြားချက်ကို ကိုးကား၍ ဒေသတွင်းမီဒီယာက ဖော်ပြခဲ့သည်။

အချင်းဖြစ်နေရာ၌ မီးသတ်တပ်ဖွဲ့ ဝင်များ ၊ ရဲတပ်ဖွဲ့ ဝင်များ နှင့်အတူ အမျိုးသားဘေးအန္တရာယ်ကယ်ဆယ်ရေးအဖွဲ့ တစ်ခုရောက်ရှိနေပြီး ကယ်ဆယ်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။(Xinhua)