09
Thu, Apr
590 New Articles

ဆစ်ဒနီ ၊ ဖေဖော်ဝါရီ ၁၉ ရက်(ဆင်ဟွာ)

ဩစတြေးလျနိုင်ငံ၏ ဘတ်ဂျက်လေကြောင်းလိုင်းတစ်ခုဖြစ်သော Jetstar လေကြောင်းလိုင်းမှ မြေပြင်ဝန်ထမ်းများသည် နိုင်ငံအနှံ့အပြားရှိ လေဆိပ်များတွင် ဖေဖော်ဝါရီ ၁၈ ရက်က အလုပ်မဆင်းဘဲ သပိတ်မှောက်ခဲ့ကြကြောင်း နှင့် ယင်းအတွက်ကြောင့် လေကြောင်းခရီးစဉ် အများအပြားဖျက်သိမ်းခဲ့ရပြီး လေဆိပ်လုပ်ငန်းလည်ပတ်မှု အခက်အခဲများစွာ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

အက်ခ်လန်၊ ဇန်နဝါရီ ၆ ရက် (ဆင်ဟွာ)

ဩစတြေးလျနိုင်ငံတွင် တောမီး အကြီးအကျယ်လောင်ကျွမ်းမှုမှ ထွက်ရှိလာသည့် မီးခိုးလုံးကြီးများကြောင့် ဇန်နဝါရီ ၅ ရက် မွန်းလွဲပိုင်းက နယူးဇီလန်နိုင်ငံ အက်ခ်လန်မြို့၏ ကောင်းကင်ပြင်သည် အံ့ဩထိတ်လန့်ဖွယ် လိမ္မော်ရောင်အဖြစ် ပြောင်းလဲသွားကြောင်း သိရသည်။ 

ဝဲလ်လင်တန် ၊ ဒီဇင်ဘာ ၁၅ ရက်(ဆင်ဟွာ)

အသက် ၆ နှစ်အရွယ် ကလေးငယ်တစ်ဦးသည် မြစ်ထဲပြုတ်ကျသွားသော ကားတစ်စီးထဲတွင် ပိတ်မိနေသည့် ၎င်း၏ မိခင်အား ကယ်တင်ရန် နှစ်ကီလိုမီတာအကွာလမ်းလျှောက်၍ ပတ်ဝန်းကျင်ထံ လိုက်လံအကူအညီတောင်းခံခဲ့ကြောင်း နယူးဇီလန်ပြည်တွင်း သတင်းဌာနတစ်ခုက ဒီဇင်ဘာ ၁၅ ရက်တွင် ဖော်ပြခဲ့သည်။

ဟိုးဘတ်၊ ဒီဇင်ဘာ ၇ ရက်(ဆင်ဟွာ)

POWERCHINA ကုမ္ပဏီမှ ရင်းနှီးမြုပ်နှံဆောင်ရွက်ထားသည့်  ဩစတြေးလျနိုင်ငံ တက်စမေးနီးယားပြည်နယ် Cattle Hill လေအားလျှပ်စစ်စီမံကိန်းတွင်  ပထမအသုတ် လေရဟတ်တာဘိုင်များ ချိတ်ဆက်၍ လျှပ်စစ်ဓါတ်အား ထုတ်လွှတ်သည့် အခမ်းအနားကို ဒီဇင်ဘာ ၆ ရက်က ကျင်းပခဲ့ကြောင်းသိရသည်။

အော့ကလန်၊နိုဝင်ဘာ ၂၈ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံ နိုင်ငံတကာ ကုန်သွယ်မှုမြှင့်တင့်ရေးကော်မတီ(CCPIT)နှင့် နယူးဇီလန် တရုတ်ကုန်သွယ်ရေးအသင်းတို့မှ ကြီးမှူးကျင်းပသော တရုတ် - နယူးဇီလန် စီးပွားရေးကောင်စီအစည်းအဝေးကို နိုဝင်ဘာ ၂၈ ရက်က အော့ကလန်တွင် ကျင်းပခဲ့သည်။

ဆစ်ဒနီ ၊ နိုဝင်ဘာ ၁၂ ရက်(ဆင်ဟွာ)

အလွန်ဆိုးရွားပြင်းထန်သော တောမီးများအကြီးအကျယ်လောင်ကျွမ်းနေမှုကြောင့် ဩစတြေးလျနိုင်ငံ၏ အကြီးဆုံး ဆစ်ဒနီမြို့အပါအဝင်နိုင်ငံ အရှေ့ပိုင်းနယူးဆောက်ဝေးပြည်နယ်ကို  နိုင်ငံတော်အရေးပေါ်အခြေအနေ ကြေညာလိုက်ကြောင်း သိရသည်။

ဟောင်ကောင် ၊ သြဂုတ် ၂၅ ရက်(ဆင်ဟွာ)

ဗာနူအာတူ နိုင်ငံ ၊ ဆိုလာမြို့၏ အနောက်တောင်ဘက် ၆၃ ကီလိုမီတာ အကွာတွင် သြဂုတ် ၂၄ ရက်တွင် အင်အား ၆.၀ ပမာဏရှိ မြေငလျင် တစ်ခု လှုပ်ခတ်ခဲ့ကြောင်း အမေရိကန် ဘူမိဗေဒ တိုင်းတာရေးအဖွဲ့(USGS) ထံမှ သိရသည်။

ဆူဗာ၊ သြဂုတ် ၂၂ ရက် (ဆင်ဟွာ)

ဖီဂျီနိုင်ငံ အစိုးရအနေဖြင့် ကလေးအလုပ်သမား၊ အဓမ္မခိုင်းစေမှုနှင့် လူကုန်ကူးမှုများအား သည်းခံမည်မဟုတ်ကြောင်း အလုပ်သမားဝန်ကြီးဌာန ဝန်ကြီး ပါဗီးကူးမား (Parveen Kumar) က သြဂုတ်လ ၂၂ ရက်တွင် ပြောကြားလိုက်သည်။

ဆစ်ဒနီ၊ ဇူလိုင် ၁၅ ရက် (ဆင်ဟွာ)

ပါပူဝါနယူးဂီနီနိုင်ငံ၊ Kandrian ဒေသ ၏ မြောက်ဘက် ၂၅ ကီလိုမီတာ အကွာ တွင် ဇူလိုင် ၁၅ ရက် ၌ အင်အား ၆.၂ အဆင့် ရှိ ငလျင်တစ်ခုလှုပ်ရှား ခဲ့ကြောင်း အမေရိကန်ဘူမိဗေဒဌာန ၏တိုင်းတာချက်အရ သိရသည်။

ပေကျင်း၊ ဇူလိုင် ၁၄ရက်(ဆင်ဟွာ)

သြစတြေးလျနိုင်ငံ အနောက်မြောက်ပိုင်း ပင်လယ်ပြင်၌ ယနေ့(ဇူလိုင် ၁၄ ရက်)တွင် ပြင်းအား ၆.၆ အဆင့် ငလျင်တစ်ခု လှုပ်ခတ်ခဲ့ကြောင်း အမေရိကန် ဘူမိတိုင်းတာရေးဌာန(USGS) ငလျင်သတင်းဝဘ်ဆိုက်ဘ်မှ သိရသည်။ (Xinhua)