18
Sun, Aug
565 New Articles

ကိဗ် ၊ သြဂုတ် ၁၃ ရက်(ဆင်ဟွာ)

ယူကရိန်းနိုင်ငံသည် Ukroboronprom အုပ်စု၏ အစိတ်အပိုင်းတစ်ရပ်ဖြစ်သော နိုင်ငံပိုင် တင့်ကားထုတ်လုပ်သည့် Lviv စက်ရုံမှ  ၂ဝ၁၇ မော်ဒယ် T-64 ခေတ်မီနောက်ဆုံးပေါ် တင့်ကားမျိုးဆက်ကို ပြသခဲ့ကြောင်း Ukroboronprom အုပ်စု၏ သြဂုတ် ၁၂ ရက်က ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မော်စကို ၊ သြဂုတ် ၉ ရက်(ဆင်ဟွာ)

သမုဒ္ဒရာပြင် ၂ဝ၁၉ ရေတပ်လေ့ကျင့်ရေး (Ocean Shield-2019 naval exercises) အစီအစဉ်တစ်ရပ်အနေဖြင့် ရုရှားနိုင်ငံ၏ Tu-95MS မဟာဗျူဟာမြောက် ဗုံးကျဲလေယာဉ် နှစ်စင်းသည် အမေရိကန် တိုက်လေယာဉ်များခြံရံလိုက်ပါလျှက် Bering ဘီရင်းပယ်လယ်ပြင်ပေါ် ၁ဝ နာရီကျော်ကြာ ဖြတ်ကျော် လေ့ကျင့်ပျံသန်းမှု ပြုလုပ်ခဲ့ကြောင်း ရုရှားနိုင်ငံကာကွယ်ရေးဝန်ကြီးဌာနက  သြဂုတ် ၈ ရက်တွင်ပြောကြားခဲ့သည်။

မော်စကို ၊ သြဂုတ် ၇ ရက်(ဆင်ဟွာ)

ရုရှားနိုင်ငံ၏ ခရီးဝေးပျံသန်းနိုင်သည့် ရေငုပ်သင်္ဘောဖျက်ဆီးရေး လေယာဉ် (Tu-142 anti-submarine aircraft) နှစ်စင်းသည် ပစိဖိတ်ရေတပ်အခြေစိုက်စခန်းမှနေ၍ ပစိဖိတ်သမုဒ္ဒရာပေါ် ဖြတ်ကျော်ပျံသန်းကာ ပင်လယ်ပြင်ကင်းလှည့်လည်ထောက်လှမ်းခြင်း တစ်ခုပြုလုပ်ခဲ့ကြောင်း ရုရှားနိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာနက သြဂုတ် ၆ ရက်တွင်ပြောကြားခဲ့သည်။

မော်စကို ၊ ဇူလိုင် ၂၄ ရက်(ဆင်ဟွာ)

ရုရှားနိုင်ငံအရှေ့ ဖျားပိုင်း Khabarovsk ဒေသ၌ ဇူလိုင် ၂၃ ရက် အစောပိုင်းက ကလေးဂေဟာတစ်ခုမီးလောင်မှုဖြစ်ပွားခဲ့ရာ သေဆုံးသူ ၄ ဦးထိမြင့်တက်သွားပြီဖြစ်ကြောင်း ဒေသတွင်းမီဒီယာများက ဆိုသည်။

မော်စကို၊ ဇူလိုင် ၁၉ရက် (ဆင်ဟွာ) 

ဇူလိုင် ၁၉ ရက်တွင် ရုရှားနိုင်ငံ၊ မော်စကိုမြို့ရှိ Sheremetyevo အပြည်ပြည်ဆိုင်ရာလေဆိပ် မှ အာမေးနီးယားနိုင်ငံ ၏ မြို့တော် ရီရယ်ဗန် သို့ ဦးတည်ပျံသန်းမည့် လေယာဉ်တစ်စီး၏ လေယာဉ်မှူးအခန်းတွင်း မှ မီးခိုးများထွက်ရှိပြီးနောက် လေယာဉ်ခရီးစဉ်ဖျက်သိမ်းခဲ့ကြောင်း Sputnik သတင်းဌာန က သတင်းဖော်ပြခဲ့သည်။ 

မော်စကို၊ ဇူလိုင် ၁၇ ရက် (ဆင်ဟွာ)

 

ရုရှားနိုင်ငံက ရုရှားတပ်မတော်(ရေ) အထိမ်းအမှတ်စစ်ရေးပြအခမ်းအခမ်းအနားများကို ရုရှားတစ်နိုင်ငံလုံး နှင့် ဆီးရီးယားရှိ ၎င်း၏ ရေတပ်အခြေစိုက်စခန်းများတွင် ဇူလိုင်လ ၂၈ ရက် ၌ ကျင်းပသွားမည်ဖြစ်ကြောင်း   ရုရှားကာကွယ်ရေးဝန်ကြီး Sergei Shoigu က ဇူလိုင် ၁၆ ရက်တွင်ပြောသည်။ 

မော်စကို၊ ဇူလိုင် ၄ ရက်(ဆင်ဟွာ)

ဇူလိုင် ၁ ရက်က လူအသေအပျောက်ဖြစ်ပွားခဲ့ရသော ရုရှားနိုင်ငံ၏ ပင်လယ်ရေနက်ပိုင်း သုတေသန ရေငုပ်သင်္ဘော မီးလောင်ကျွမ်းရခြင်းအကြောင်းရင်းမှာ ၄င်းရေငုပ်သင်္ဘော၏ ဘတ္ထရီ အစိတ်အပိုင်းတစ်ခု မီးလောင်ကျွမ်းခဲ့ခြင်းကြောင့် ဖြစ်ပြီး သင်္ဘောပေါ်တွင် တပ်ဆင်ထားသည့် နျူကလီးယားဓာတ်အားပေးစနစ်အပေါ် သက်ရောက်မှု မရှိခဲ့ကြောင်း ရုရှားနိုင်ငံကာကွယ်ရေးဝန်ကြီးဌာန ဝန်ကြီး Sergei Shoigu က  ယနေ့ ( ဇူလိုင် ၄ ရက်) တွင် ထုတ်ဖော်ပြောကြားလိုက်သည်။

မော်စကို ၊ ဇူလိုင် ၃ ရက်(ဆင်ဟွာ)

ရုရှားနိုင်ငံ ရေပိုင်နက်အတွင်း ရေနက်ပိုင်း သုတေသနရေငုပ်သင်္ဘောတစ်စင်း မီးလောင်မှုဖြစ်ပွားရာ အနည်းဆုံး သင်္ဘောသား ၁၄ ဦးသေဆုံးသွားကြောင်း ရုရှားနိုင်ငံကာကွယ်ရေး ဝန်ကြီးဌာနက ဇူလိုင် ၂ ရက်တွင် ပြောကြားခဲ့သည်။

မော်စကို၊ ဇွန် ၃၀ ရက်(ဆင်ဟွာ)

ရုရှားနိုင်ငံ Irkutsk Oblast ပြည်နယ်တွင် ရေဘေးကြောင့် လူ ၅ ဦးသေဆုံးပြီး လူ ၂ ဦးပျောက်ဆုံးကာ  အခြားလူ ၃၅၃ ဦး ဒဏ်ရာရရှိခဲ့သည်ဟု  ရုရှား အရေးပေါ်အခြေအနေ ထိန်းချုပ်ရေး ၀န်ကြီးဌာန ၀န်ကြီး Yevgeny Zinichev က ဇွန် ၂၉ ရက်တွင် ပြောကြားခဲ့ကြောင်း သိရသည်။ 

မော်စကို  ၊ ဇွန် ၂၅ ရက်(ဆင်ဟွာ)

ရုရှားနိုင်ငံသမ္မတဗလာတီမာပူတင်က အနောက်နိုင်ငံများအပေါ် စီးပွားရေးဒဏ်ခတ်ပိတ်ဆို့ မှုအား ၂ဝ၂ဝ ပြည့်နှစ် နှစ်ကုန်ပိုင်းအထိ ဆက်လက်ပြုလုပ်သွားရန် နောက်ထပ်တစ်နှစ်သက်တမ်းတိုးမည့် အမိန့် တစ်ရပ်ကို ဇွန် ၂၄ ရက်တွင် လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။