ပူတင်က ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်နိုင်လျှင် သမ္မတရာထူးအတွက် ထပ်မံ ဝင်ရောက်အရွေးခံမည်ဟု ပြောကြား

ရုရှားနိုင်ငံသမ္မတဗလာတီမာပူတင်အားတွေ့ရစဉ်(ဆင်ဟွာ) Europe

မော်စကို ၊ ဇွန် ၂၂ ရက်(ဆင်ဟွာ)

ရုရှားနိုင်ငံသမ္မတဗလာတီမာပူတင်က အကယ်၍ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်မှု ဆောင်ရွက်နိုင်ခဲ့လျှင် ၎င်းအနေဖြင့် နောက်ထပ်တစ်ကြိမ် သမ္မတရာထူးအတွက် ထပ်မံဝင်ရောက်ယှဉ်ပြိုင်ရန် ဖြစ်နိုင်ချေရှိကြောင်း ထုတ်ဖော်ပြောကြားလိုက်သည်။

“ ကျွန်တော့်အတွက် ကျွန်တော် ဘာမှ မဆုံးဖြတ်ရသေးပါဘူး ၊ အဲဒီအရာကနေ ဖယ်ခွာသွားဖို့ ကျွန်တော့်အတွက် ဖြစ်နိုင်ချေ မရှိပါဘူး ၊ တကယ်လို့ ဖွဲ့စည်းပုံက အခွင့်အရေးထပ်ပေးလာမယ်ဆိုရင်တော့ ကျွန်တော်တို့ကြည့်ရမှာပေါ့” ဟု ဇွန် ၂၁ ရက်တွင် ရုပ်သံအစီအစဉ်တစ်ခုနှင့် ပြုလုပ်သော အွန်လိုင်းတွေ့ဆုံမေးမြန်းခန်း၌ ပူတင်က ဆိုသည်။

“ အလုပ်လုပ်ဖို့ပဲ မဖြစ်မနေ လိုအပ်တယ် ၊ ကိုယ့်နေရာ ဆက်ခံမယ့်လူကို လိုက်ရှာနေဖို့ မဟုတ်ဘူး” ဟု ၎င်းက ဆက်လက်ပြောကြားခဲ့သည်။ရုရှားနိုင်ငံသည် လာမည့် ဇူလိုင် ၁ ရက်တွင် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးအတွက် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲတစ်ခု ပြုလုပ်သွားရန် ရှိနေပြီး အကယ်၍ ယင်းဆန္ဒခံယူပွဲတွင် ပြင်ဆင်မှုအား ထောက်ခံအတည်ပြုနိုင်ခဲ့ပါက သမ္မတပူတင်အနေဖြင့် လာမည့် ၂၀၂၄ ခုနှစ်တွင် ကျင်းပပြုလုပ်မည့် သမ္မတရွေးကောက်ပွဲ၌ ပါဝင်ယှဉ်ပြိုင်နိုင်မည် ဖြစ်ကြောင်း သိရသည်။(Xinhua)