15
Sun, Sep
496 New Articles

ဂျီနီဗာ ၊ စက်တင်ဘာ ၁၃ ရက် (ဆင်ဟွာ)

ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီ ၏ ၄၂ ကြိမ်မြောက် အစည်းအဝေး အား စက်တင်ဘာ ၁၂ ရက် တွင် ကျင်းပ ပြုလုပ်ခဲ့ပြီး တစ်ဖက်သတ် အရေးယူ ပိတ်ဆို့မှု ဆောင်ရွက်ခြင်း နှင့် လူ့အခွင့်အရေး ဆိုင်ရာ ပြဿနာ ဟူသည့် ခေါင်းစဉ်ဖြင့် ဖိုရမ် တစ်ရပ် ကျင်းပ ခဲ့ရာ တွင် ဖိုရမ် တက်ရောက် ခဲ့သည့် နိုင်ငံ နှင့် NGO အဖွဲ့အစည်း များ က အနောက်နိုင်ငံများ ၏ တစ်ဖက်သတ် အရေးယူ ပိတ်ဆို့မှု ဆောင်ရွက်ခြင်း အပေါ် အသီးသီး ပြစ်တင် ဝေဖန် ခဲ့ကြသည်။ 

ကုလသမဂ္ဂ ၊ ဇူလိုင် ၁၆ ရက် (ဆင်ဟွာ)

ကုလသမဂ္ဂ ၏ ကမ္ဘာ့ စားနပ်ရိက္ခာ လုံခြုံရေး နှင့် အဟာရ အခြေအနေ အစီရင်ခံစာ အရ လတ်တလော နှစ်ပိုင်း အတွင်း ကမ္ဘာ့ စားနပ်ရိက္ခာ လုံလောက်စွာ မရရှိသည့် လူဦးရေ မှာ အဆက်မပြတ် တိုးမြင့် လာခဲ့ပြီး ၂၀၁၈ ခုနှစ် တွင် လူပေါင်း ၈၂၁.၆ သန်း ခန့် စားနပ်ရိက္ခာ လုံလောက်စွာ မရရှိနိုင်ခဲ့ကြောင်း သိရှိရသည်။

ဆစ်ဒနီ ၊ ဇူလိုင် ၁၂ ရက် (ဆင်ဟွာ)

ပါပူဝါနယူးဂီနီ နိုင်ငံ အနီး ပင်လယ်ပြင် တွင် ပြင်းအား ၆.၀ ပမာဏရှိသော ငလျင်တစ်ခု ဇူလိုင်လ ၁၂ ရက် က လှုပ်ရှားသွားကြောင်း အမေရိကန် ဘူမိဗေဒတိုင်းတာရေး ဌာန က ထုတ်ပြန်ကြေညာ ခဲ့ပြီး လက်ရှိချိန်တွင် သေဆုံးဒဏ်ရာရရှိမှု နှင့် ပျက်စီး ဆုံးရှုံးမှု စာရင်း မထွက်ရှိသေးကြောင်း သိရှိရသည်။

ကုလသမဂ္ဂ၊ ဇူလိုင် ၁၁ ရက် (ဆင်ဟွာ)

ဆီးရီးယားနိုင်ငံ အရှေ့တောင်ပိုင်းရှိ ဒုက္ခသည်စခန်းတစ်ခုရှိ နေရပ်စွန့်ခွာထွက်ပြေးသူ ခန့်မှန်းခြေ ၂၅,၀၀၀ ဦးမှာ “ကြောက်မက်ဖွယ် အခြေအနေများ” ဖြင့် နေထိုင်နေရသည့်အတွက် လူသားချင်းစာနာထောက်ထားမှု အလုပ်သမားများက စိုးရိမ်မိကြောင်း ကုလသမဂ္ဂ ပြောရေးဆိုခွင့်ရှိသူက ဇူလိုင်လ ၁၀ ရက်တွင် ပြောကြားလိုက်သည်။

ကုလသမဂ္ဂ၊ ဇွန် ၁၃ ရက် (ဆင်ဟွာ)

ယီမင်နိုင်ငံတွင် မိုးသည်းထန်စွာရွာသွန်း၍ ရေကြီးရေလျှံမှုများဖြစ်ပွားခဲ့သည့် အတွက် ထောင်ပေါင်းများစွာသောသူများအားသက်ရောက်မှုရှိခဲ့ပြီး  ဝမ်းရောဂါပြန့်ပွားမှုနှုန်းမြင့်တက်နိုင်ချေရှိကြောင်း ကုလသမဂ္ဂ က ဇွန် ၁၂ ရက်တွင် သတိပေးခဲ့သည်။

ကုလသမဂ္ဂ၊ ဧပြီ ၃၀ ရက် (ဆင်ဟွာ)

ဗင်နီဇွဲလားနိုင်ငံမှ အနည်းဆုံး ကလေးငယ် ၃၂၇,၀၀၀ ဦးမှာ ကိုလံဘီယာနိုင်ငံ၌ ရွှေ့ပြောင်းနေထိုင်သူများနှင့် ဒုက္ခသည်များအဖြစ် နေထိုင်နေရပြီး ထောက်ပံ့မှုများ တိုးမြှင့်ခြင်းမရှိပါက ၎င်းတို့၏ ကျန်းမာရေး၊ ပညာရေး၊ ကာကွယ်ရေးနှင့် ကောင်းစွာနေထိုင်နိုင်ရေး အခြေအနေများနှင့် ပတ်သက်၍ အန္တရာယ်ရှိကြောင်း ကုလသမဂ္ဂ ကလေးများရန်ပုံငွေ (UNICEF) က ဧပြီလ ၂၉ ရက်တွင် ပြောကြားလိုက်သည်။

ကုလသမဂ္ဂ ၊ ဧပြီ ၁၁ ရက်(ဆင်ဟွာ)

ကုလသမဂ္ဂဆိုင်ရာတရုတ်အမြဲတမ်းကိုယ်စားလှယ်က တရုတ်နိုင်ငံအနေဖြင့် ဗင်နီဇွဲလားနိုင်ငံနှင့်အတူပူးပေါင်းဆောင်ရွက်မှုကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဧပြီ ၁ဝ ရက်တွင်ပြောကြားခဲ့သည်။

ဆန်ဖရန်စစ္စကို၊ဧပြီလ ၆ ရက်(ဆင်ဟွာ)

ဘိုးရင်းလေယာဉ်ထုတ်လုပ်ရေး ကုမ္မဏီကြီး၏ အမှုဆောင်အရာရှိချုပ် ဒန်းနစ်မျူလန်ဘာ့ဂ်(Dennis Muilenburg) က ဘိုးရင်းကုမ္ပဏီအနေဖြင့် လေယာဉ်ပျက်ကျမှုများကြောင့်ကမ္ဘာတစ်ဝန်းပျံသန်းမှု ရပ် တန့်ထားရသော ဘိုးရင်း ၇၃၇ မက်စ်(Boeing 737 Max) လေယာဉ်များအားပြင်ဆင်မှုပိုမိုပံ့ပိုးပေးနိုင် ရန် ဧပြီလဆန်းမှစ၍ ဘိးုရင်း ၇၃၇ လေယာဉ်များလစဉ်ထုတ်လုပ်မှု ကို လျှော့ချသွားမည်ဖြစ်ကြောင်း ဧပြီလ ၅ ရက်ကပြောကြားခဲ့သည်။

ဗျူနိုအဲရစ် ၊ ဧပြီ ၆ ရက် (ဆင်ဟွာ)

တောင်အတ္တလန္တိတ် သမုဒ္ဒရာ တောင် ဂျော်ဂျီယာ နှင့် တောင် ဆင်းဒဝစ်ဂ်ျ ကျွန်းစု အနီး ပင်လယ်ပြင် တွင် ဧပြီလ ၅ ရက် ၌ ပြင်းအား ၆.၅ အဆင့်ရှိ ငလျင် လှုပ်ခတ် ခဲ့ပြီး လက်ရှိချိန်ထိ သေဆုံး ဒဏ်ရာရရှိမှု နှင့် ပျက်စီး ဆုံးရှုံးမှု စာရင်း မထွက်ရှိ သေးကြောင်း သိရှိရသည်။

ကုလသမဂ္ဂ ၊ ဧပြီ ၂ ရက်(ဆင်ဟွာ)

ကမ္ဘာ့ လူဦးရေသည် လာမည့် ၂ဝ၅ဝ ပြည့်နှစ်တွင် ၉.၇ ဘီလီယံထိ ရောက်ရှိနိုင်မည်ဖြစ်ကြောင်း နှင့် ရာစုနှစ်အကုန်တွင် ၁၁ ဘီလီယံကျော်ထိ မြင့်တက်နိုင်ဖွယ်ရှိကြောင်း ဧပြီ ၁ ရက်တွင် ထုတ်ပြန်သည့် ကုလသမဂ္ဂ အစီရင်ခံစာတစ်စောင်အရ သိရသည်။

Page 1 of 5