24
Mon, Jun
553 New Articles

အမေရိကန်တွင် အစိုးရယန္တရား ရပ်ဆိုင်းမှု ဆက်လက်ဖြစ်ပွားနေ၍ ကမ္ဘာ့စီးပွားရေးဖိုရမ်သို့ တက်ရောက်မည့်ခရီးစဉ်အား ထရမ့် ဖျက်သိမ်း

ထရမ့်က ကမ္ဘာ့စီးပွားရေးဖိုရမ်သို့ တက်ရောက်မည့် ခရီးစဉ်အားဖျက်သိမ်းကြောင်း သတင်းထောက်များအား ဇန်နဝါရီ ၁၀ရက်ကပြောကြားနေစဉ် (ဆင်ဟွာ) North America

ဝါရှင်တန်၊ ဇန်နဝါရီ ၁၁ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့် က အစိုးရယန္တရား တစ်စိတ်တစ်ပိုင်း ရပ်ဆိုင်းမှု ဆက်လက်ဖြစ်ပွားနေသောကြောင့် ဆွစ်ဇာလန်နိုင်ငံ စကိတ်စီးအပန်းဖြေမြို့ဖြစ်သည့် ဒါဗို့စ်မြို့ ၌ ဇန်နဝါရီနှောင်းပိုင်းတွင် နှစ်စဉ်ကျင်းပသည့် ကမ္ဘာ့စီးပွားရေးဖိုရမ်သို့ တက်ရောက်ရန်စီစဉ်ထားသော ၎င်း၏ ခရီးစဉ်ကို ဖျက်သိမ်းလိုက်ပြီဖြစ်ကြောင်း ဇန်နဝါရီ ၁၀ ရက်ကကြေညာခဲ့သည်။

 ထရမ့်က “နိုင်ငံအတွက် အလွန်အရေးကြီးတဲ့ နယ်စပ်လုံခြုံရေးအပေါ် ဒီမိုကရက်တွေက ခေါင်းမာနေလွန်းတဲ့အတွက် ဆွစ်ဇာလန်နိုင်ငံ ဒါဗို့စ်မြို့ မှာ ကျင်းပမဲ့ ကမ္ဘာ့စီးပွားရေးဖိုရမ် တက်ရောက်ဖို့ ခရီးစဉ်ကို လေးစားစွာနဲ့ပဲ ဖျက်သိမ်းလိုက်ရပါတယ်” ဟု တွစ်တာ၌ရေးသားခဲ့သည်။အဆိုပါနေ့အစောပိုင်းတွင် ထရမ့်က အမေရိကန်နိုင်ငံ တောင်ပိုင်းနယ်စပ်သို့ ခရီးမထွက်ခင် သတင်းထောက်များ နှင့်တွေ့ဆုံရာ၌ အစိုးရယန္တရားရပ်ဆိုင်းမှု ဆက်လက်ဖြစ်ပွားနေပါက ဒါဗို့စ်မြို့သို့ သွားရောက်မည်မဟုတ်ကြောင်း ပြောကြားခဲ့သည်။ (Xinhua)