24
Mon, Jun
553 New Articles

ပီရူး နိုင်ငံ၌ ငလျင် လှုပ်ခတ်မှုကြောင့် ၁ ဦး သေ ၊ ၁၁ ဦး ဒဏ်ရာရ

ပီရူး နိုင်ငံ လီမာမြို့ ၌ ငလျင် လှုပ်ခတ်ခဲ့ပြီးနောက် လမ်းမပေါ်တွင် ပြည်သူများအား တွေ့ ရစဉ်(ဆင်ဟွာ) North America

လီမာ ၊ မေ ၂၇ ရက်(ဆင်ဟွာ) 

ပီရူး နိုင်ငံ မြောက်ပိုင်း၌ မေ ၂၆ ရက်နံနက်ပိုင်းတွင် ပြင်းအား ၇.၅ အဆင့်ရှိ ငလျင် တစ်ခုလှုပ်ခတ်ခဲ့မှုကြောင့် လူ ၁ ဦး သေဆုံးကာ ၁၁ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း အမျိုးသား အရေးပေါ် စီမံခန့် ခွဲရေးစင်တာ(COEN) ၏ အကြီးအကဲ Ricardo Seijas က ပြောကြားခဲ့သည်။

မြောက်ပိုင်း Cajamarca ဒေသ၌ နေထိုင်သော San Ignacio ဒေသခံ တစ်ဦးဖြစ်သည့် အသက် ၄၈ နှစ် အရွယ် Dario Munoz သည် ငလျင် လှုပ်ခတ်စဉ် ၄င်း၏ နေအိမ်အမိုးပေါ်သို့  ခဲတစ်လုံး ပြုတ်ကျထိမှန်ခဲ့ရာမှ သေဆုံးသွားခဲ့ရကြောင်း သိရသည်။အဆိုပါ ငလျင်သည် ဒေသ စံတော်ချိန် နံနက် ၂ နာရီ ၄၁ မိနစ်တွင် Loreto ဒေသမြောက်ပိုင်း Alto Amazonas ပြည်နယ်၌ မြေအောက် အနက် ၁၄၁ ကီလိုမီတာတွင် ဗဟိုပြု၍ လှုပ်ခတ်သွားခဲ့ခြင်း ဖြစ်ကြောင်း ပီရူးနိုင်ငံ၏ ဘူမိဗေဒ တိုင်းတာရေးအဖွဲ့ ထံမှ သိရသည်။

COEN အဖွဲ့ အကြီးအကဲ Ricardo Seijas က ငလျင် လှုပ်ခတ်မှုကြောင့် လူနေအိမ် ၁၃၀ ကျော် ၊ စာသင် ကျောင်း ၃ ကျောင်း နှင့် ဆေးရုံ သို့ မဟုတ် ဆေးခန်း ၆ ခု ပျက်စီး ဆုံးရှုံးခဲ့ရကြောင်း ပြောကြားခဲ့သည်။အဆိုပါ အင်အားပြင်း ငလျင် လှုပ်ခတ်မှုကို အီကွေဒေါ ၊ ကိုလံဘီယာ ၊ ဘရာဇီး နှင့် ဘိုလီဗီးယား နိုင်ငံ တို့ မှ လည်း သိရှိ ခံစားခဲ့ရကြောင်း သိရသည်။(Xinhua)