ရန်ကုန်၊ နိုဝင်ဘာ ၂၇ ရက် (ဆင်ဟွာ) ရေးသားသူ/အေးလပြည့်


COVID-19 ဒုတိယလှိုင်းစတင်ဖြစ်ပွားသည့်အချိန်မှစ၍ ယနေ့အထိ ရန်ကုန်တိုင်းဒေသကြီးရွှေဈေးကွက်အတွင်းသို့ ရွှေကုန်ကြမ်းအသစ်အဝင်မရှိဘဲ နေ့စဉ် ပြန်လာရောင်းသည့်ရွှေများနှင့်သာ ဈေးကွက်အတွင်းတွင် လည်ပတ်လျက်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးမျိုးမြင့်ကဆင်ဟွာသို့ နိုဝင်ဘာ ၂၇ ရက်တွင်ပြောသည်။

ရန်ကုန်၊ နိုဝင်ဘာ ၂၆ ရက် (ဆင်ဟွာ) ရေးသားသူ/အေးလပြည့်

ကမ္ဘာ့ရွှေဈေးသည် တစ်အောင်စလျှင် ၁,၈၇၄ ဒေါ်လာမှ ၁,၈၀၉ ဒေါ်လာအထိ ၂ ရက်အတွင်း ၆၅ ဒေါ်လာအထိဈေးနှုန်းကျဆင်းခဲ့သလို မြန်မာ့ရွှေဈေးသည်လည်း တစ်ကျပ်သားပေါက်ဈေး ကျပ် ၁,၃၁၀,၀၀၀ မှ ကျပ် ၁,၂၉၇,၀၀၀ အထိ ကျပ် ၁၃,၀၀၀ ထိ ဈေးနှုန်းကျခဲ့ဆင်းခဲ့ရာ ရွှေဈေးဆက်လက်အေးနိုင်ကြောင်း ရန်ကုန်တိုင်းဒေသကြီးရွှေလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးမျိုးမြင့်က ဆင်ဟွာသို့ နိုဝင်ဘာ ၂၆ ရက်တွင်ပြောကြားသည်။

ရန်ကုန် ၊ နိုဝင်ဘာ ၂၆ ရက်(ဆင်ဟွာ) ရေးသားသူ/ဟေမာန်

ဆောင်ရွက်ဆဲလုပ်ငန်း(၅)ခုမှ မတည်ငွေရင်းတိုးမြှင့်ခြင်း အပါအဝင် မွေးမြူရေးနှင့်ရေလုပ်ငန်းကဏ္ဍ၊ လယ်ယာကဏ္ဍ၊ ကုန်ထုတ်လုပ်မှုကဏ္ဍနှင့် အခြားဝန်ဆောင်မှု ကဏ္ဍတို့မှ လုပ်ငန်းသစ်(၆)ခုကို နိုဝင်ဘာ ၂၅ ရက်က ပြုလုပ်သော မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ (၁၅/၂၀၂၀) ကြိမ်မြောက် အစည်းအဝေးတွင် ခွင့်ပြုခဲ့ကြောင်း သိရသည်။

ရန်ကုန်၊ နိုဝင်ဘာ ၂၀ ရက် (ဆင်ဟွာ) ရေးသားသူ/အေးလပြည့်

ရွှေသတ္တုအကြီးစားများ ပြည်ပတင်ပို့ရန်နှင့် ပြည်တွင်းတင်သွင်းရန် လုပ်ငန်းလိုင်စင်အား ယာယီဆိုင်းငံ့ထားကြောင်း ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးမျိုးမြင့်ကဆင်ဟွာသို့နိုဝင်ဘာ ၂၀ ရက်တွင်ပြောသည်။

ရန်ကုန်၊ နိုဝင်ဘာ ၂၀ ရက် (ဆင်ဟွာ) ရေးသားသူ/အေးလပြည့်

မြန်မာနိုင်ငံ ၏ ရေထွက်ကုန်များ ပြည်ပသို့ တင်ပို့မှုတွင် တရုတ်နိုင်ငံသည် ရေထွက်ကုန်ဒုတိယအများဆုံးတင်ပို့ ရသည့်နိုင်ငံဖြစ်ပြီး၂၀၂၁ခုနှစ်တွင် တရုတ်နိုင်ငံသို့ရေထွက်ကုန်များ ပိုမိုတင်ပို့နိုင်ရန် ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်မှ အထွေထွေအတွင်းရေးမှူး ဦးဝင်းကြိုင်က ဆင်ဟွာသို့ နိုဝင်ဘာ ၂၀ ရက်တွင်ပြောသည်။

ရန်ကုန်၊ နိုဝင်ဘာ ၁၈ ရက် (ဆင်ဟွာ) ရေးသားသူ/အေးလပြည့်

မူဆယ်နယ်စပ်ကုန်သွယ်ရေးဇုန်တွင် တရုတ်နိုင်ငံနှင့် နေ့စဉ် ပို့ကုန်၊သွင်းကုန် ကုန်သွယ်မှု တန်ဖိုးသည် အမေရိကန်ဒေါ်လာ ၈သန်း နှင့် ၉ သန်းဝန်းကျင်တွင် ရှိနေကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မူဆယ်နယ်စပ်ကုန်သွယ်ရေးစခန်းမှ ညွှန်ကြားရေးမှူး ဦးတင်ရဲဝင်းက ဆင်ဟွာသို့ နိုဝင်ဘာ ၁၈ ရက်တွင်ပြောသည်။

ရန်ကုန်၊ နိုဝင်ဘာ ၁၄ ရက် (ဆင်ဟွာ) ရေးသားသူ/အေးလပြည့်

COVID-19 ကာလတွင် လက်ဖက်ရည်ဆိုင်များပိတ်ခြင်းအပါအဝင် အခြားအကြောင်းများကြောင့် လက်ဖက်ခြောက်အကြမ်းခြောက်ထုတ်လုပ်မှုမှာ ၇၀ ရာခိုင်နှုန်းခန့်ကျဆင်းခဲ့ကြောင်း မြန်မာနိုင်ငံလက်ဖက်လုပ်ငန်းရှင်များ အသင်းမှ နာယက ဦးကျော်သီဟ က ဆင်ဟွာသို့ နိုဝင်ဘာ ၁၄ ရက်တွင်ပြောသည်။

ရန်ကုန်၊ နိုဝင်ဘာ ၁၃ ရက် (ဆင်ဟွာ) ရေးသားသူ/အေးလပြည့်

၂၀၂၀ ပြည့်နှစ် သီတင်းကျွတ်ကာလရောက်ရှိသော်လည်း COVID-19 ကာလဖြစ်သောကြောင့် အိမ်ရှင်ဘက်မှ အိမ်ငှားခဈေးနှုန်းများအား ၂၀ ရာခိုင်နှုန်းနှင့် အထက်လျှော့၍ ငှားလာကြကြောင်း၊ သို့သော် နိုင်ငံခြားသားအငှားသာမက ပြည်တွင်းအငှားဈေးကွက်ပါ အေးစက်လျက်ရှိကြောင်း၊ အိမ်ခြံမြေဈေးကွက်မှာ ၂၀၂၁ ခုနှစ် နှစ်ဆန်းပိုင်းမှသာ ပြန်လည်ကောင်းမွန်နိုင်သည့် အခြေအနေရှိနိုင်ကြောင်း မဏ္ဍိုင်အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းမှ မန်နေဂျင်းဒါရိုက်တာ ဦးသန်းဦးကဆင်ဟွာသို့ နိုဝင်ဘာ ၁၃ ရက်တွင် ပြောသည်။

ရန်ကုန်၊ နိုဝင်ဘာ ၁၀ ရက် (ဆင်ဟွာ) ရေးသားသူ/အေးလပြည့်

ကမ္ဘာ့ရွှေဈေးကျဆင်းမှုကြောင့် မြန်မာ့ရွှေဈေးတစ်ကျပ်သားလျှင် ၁,၃၁၈,၀၀၀ ကျပ် မှ ၁,၂၉၈,၀၀၀ကျပ် အထိ တစ်ရက် အတွင်း ၂၀,၀၀၀ ကျပ်ဈေးနှုန်းကျဆင်းခဲ့ကြောင်း နှင့် ရွှေဈေးကျရိပ် ဆက်လက် သန်းနေဆဲဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးမျိုးမြင့်က ဆင်ဟွာသို့ ယနေ့ နိုဝင်ဘာ ၁၀ရက်တွင်ပြောကြားသည်။

ရန်ကုန်၊ နိုဝင်ဘာ ၇ ရက် (ဆင်ဟွာ) ရေးသားသူ/အေးလပြည့်

မြန်မာနိုင်ငံမှ ထွက်ရှိသည့်သစ်သီးဝလံများကို ဝယ်ယူလိုသည်ဟု နိုင်ငံတကာဈေးကွက်မှ ကမ်းလှမ်းမှုများရှိကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာ့ကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့မှ သိရသည်။