နန်နင်း ၊ ဧပြီ ၈ ရက်(ဆင်ဟွာ)

၁၈ ကြိမ်မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲကို စက်တင်ဘာလအတွင်း တရုတ်နိုင်ငံ Guangxi Zhuang ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၏ တောင်ပိုင်းမြို့တော် နန်နင်းမြို့၌ အွန်လိုင်း(online) နှင့် အော့လိုင်း (offline) နှစ်မျိုးစလုံးဖြင့် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း ပြပွဲကျင်းပရေးက ဧပြီ ၇ ရက်တွင် ထုတ်ဖော်ပြောကြားခဲ့သည်။

ပေကျင်း ၊ မတ် ၃၁ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံ၏ လေကြောင်းကုန်တင် ဦးဆောင်ကုမ္ပဏီဖြစ်သည့် SF လေကြောင်းလိုင်းများက တရုတ်နိုင်ငံ အလယ်ပိုင်း ဝူဟန်မြို့ နှင့် ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့သို့ ချိတ်ဆက်ထားသည့် အပြည်ပြည်ဆိုင်ရာ ကုန်တင်လမ်းကြောင်းသစ်အား စတင်ခဲ့ကြောင်း လေကြောင်းလိုင်းက ယနေ့ ပြောကြားခဲ့သည်။

ရှီးအန်း၊ မတ် ၂၃ ရက်(ဆင်ဟွာ)

ကွန်ပရက်ဆာ၊High-voltage isolation switches၊ မော်တော်ယာဉ် အစိတ်အပိုင်းပစ္စည်း၊ အိမ်သုံးလျှပ်စစ်ပစ္စည်း၊ စက်ဘီးစသည့် ကုန်ပစ္စည်း များတင်ဆောင်ထားသော ရထားအတွဲ (၅၀)ပါ X8153 တရုတ်-ဥရောပ ရထားကြီးသည် မတ် ၂၂ ရက်က တရုတ်နိုင်ငံ ရှီးအန်းမြို့မှထွက်ခွာသွားခဲ့ကြောင်း သိရသည်။ ၎င်းမှာ ယခုနှစ်အတွင်း တရုတ်-ဥရောပ ရထား (ရှီးအန်း) သယ်ယူပို့ဆောင်ရေးပမာဏသည် ရထားတွဲ (၃)သောင်းကျော်၊ (၃၀,၀၄၉)တွဲ ရှိပြီဖြစ်ရာ ယခင်နှစ်ကာလတူထက် (၂၄.၃၆)ရာခိုင်နှုန်းတိုးမြင့်လာခြင်း ဖြစ်သည်။

ပေကျင်း၊ မတ် ၉ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ အစိုးရသည် ဒေသတွင်း ဘက်စုံစီးပွားရေးမိတ်ဖက်ဆောင်ရွက်မှု (RCEP) သဘောတူညီချက်ကို တရားဝင် အတည်ပြုလက်မှတ်ရေးထိုးလိုက်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး Wang Wentao က မတ် ၈ ရက်၌ ပြောကြားခဲ့သည်။

ရှန်ဟိုင်း၊ မတ် ၂ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ ပြည်တွင်းထုတ် C919 ခရီးသည်တင် လေယာဉ်အား ဈေးကွက်အတွင်း တရားဝင်ရောက်ရှိရန် China Eastern Airlines နှင့် တရုတ်နိုင်ငံ စီးပွားရေးလုပ်ငန်းသုံး လေယာဉ်ကော်ပိုရေးရှင်း(COMAC) တို့ကြား လေယာဉ်ငါးစင်း ဝယ်ယူရန်အတွက် မတ် ၁ ရက်က လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။

ပေကျင်း၊ ဇန်နဝါရီ ၃၀ ရက် (ဆင်ဟွာ) ဘာသာပြန် - ခေါန်ရိန်

တရုတ်နိုင်ငံက ထုတ်လုပ်ထားသော တတိယမျိုးဆက် နျူကလီးယားဓာတ်ပေါင်းဖို ဟွာလုံဝမ်း (Hualong One) ရှိ ပထမဆုံးနျူးကလီးယားစွမ်းအင်ယူနစ်ကို စီးပွားဖြစ်လည်ပတ်လျက်ရှိပြီဖြစ်ကြောင်း တရုတ် အမျိုးသား နျူးကလီးယားကော်ပိုရေးရှင်း (CNNC) က ဇန်နဝါရီ ၃၀ ရက်တွင် ပြောကြားခဲ့သည်။

ရှန်ဟိုင်း၊ ဇန်နဝါရီ ၁၉ ရက်(ဆင်ဟွာ) ဘာသာပြန်/မြတ်မြတ်ဦး

အမေရိကန် လျှပ်စစ်ကားထုတ်လုပ်မှုကုမ္ပဏီ “Tesla”သည် တရုတ်နိုင်ငံတွင် ထုတ်လုပ်သည့် ၎င်း၏Model Yမော်တော်ယာဉ်ကို တနင်္လာနေ့က စတင်၍ ဖြန့်ချိခဲ့ကြောင်း သိရသည်။

ပေကျင်း၊ဇန်နဝါရီ၁၈ ရက်(ဆင်ဟွာ)ဘာသာပြန်/ကိုငယ်

တရုတ်နိုင်ငံ၏ပြည်တွင်းအသားတင်ထုတ်လုပ်မှုတန်ဖိုး(GDP) သည် ၂၀၂၀ ပြည့်နှစ်တွင် တရုတ်ယွမ်ငွေ ၁၀၀ ထရီလီယံ (အမေရိကန်ဒေါ်လာ ၁၅.၄၂ ထရီလီယံ) အထိ အမြင့်ဆုံးရောက်ရှိခဲ့ကြောင်း ယနေ့ ဇန်နဝါရီ ၁၈ ရက်တွင် ထုတ်ပြန်သည့် တရားဝင် ကိန်းဂဏန်းအများအရ သိရသည်။

ဒူဘိုင်း ၊ ဇန်နဝါရီ ၁၃ ရက် (ဆင်ဟွာ) ဘာသာပြန်/စိုးမိုး

တရုတ်နိုင်ငံ CSCEC ME ကုမ္ပဏီ နှင့် တောင်ကိုရီးယားနိုင်ငံ SKE&C ကုမ္ပဏီ တို့ ပူးပေါင်းတာဝန်ယူ တည်ဆောက်သည့် ယူအေအီးနိုင်ငံ ရထားလမ်းစီမံကိန်းသည် လတ်တလောရက်ပိုင်းတွင် အရေးပါသည့် ချိတ်ဆက်မှုအပိုင်းများကို သက်မှတ်အချိန်အတွင်း ပြီးစီးအောင် ဆောင်ရွက်နိုင်ခဲ့ကြောင်း နှင့် ရထားလမ်းခင်းကျင်းသည့် လုပ်ငန်းအား တရားဝင် စတင်လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

ဘရာဇီးလီယာ ၊ ဒီဇင်ဘာ ၃၁ ရက် (ဆင်ဟွာ) ဘာသာပြန်/စိုးမိုး


ဘရာဇီးနိုင်ငံ ရီယိုဒီဂျနေရိုပြည်နယ်တက္ကသိုလ် စီးပွားရေးပညာ ပါမောက္ခ ဒေါက်တာ အီးလီယက်စ်ဂျက်ဘရီ က ဆင်ဟွာ သတင်းဌာနနှင့် တွေ့ဆုံမေးမြန်းမှုပြုလုပ်ရာတွင် တရုတ်နိုင်ငံ ကဆင်းရဲနွမ်းပါးမှု လျှော့ချရေး လုပ်ဆောင်ရာတွင် ထူးချွန်သည့် အောင်မြင်မှုများရရှိခဲ့ပြီး ဆိုရှယ်လစ်စနစ် ၏ အားသားချက်ကို ပေါ်လွင်ထင်ရှားစေခဲ့ကြောင်း ပြောကြား ခဲ့သည်။