ပေကျင်း၊ ဇန်နဝါရီ ၁၄ ရက် (ဆင်ဟွာ) ဘာသာပြန် - ခေါန်ရိန်

တရုတ်နိုင်ငံ၏ WJ-700 မောင်းသူမဲ့လေယာဉ်သည် ပင်လယ်ရေမျက်နှာပြင်အမြင့်၊ အမြန်နှုန်းနှင့် အချိန်ကြာမြင့်စွာပျံသန်းနိုင်သော ကင်းထောက်ဗုံးကြဲလေယာဉ်ဖြစ်ပြီး ပွဲဦးထွက်ပျံသန်းခြင်း ပြုလုပ်ခဲ့ကြောင်း လေယာဉ်တည်ဆောက်သူက ဇန်နဝါရီ ၁၃ ရက်တွင် ကြေညာခဲ့သည်။

လန်ကျိုး၊ ဇန်နဝါရီ ၇ ရက်(ဆင်ဟွာ) ဘာသာပြန်/မြတ်မြတ်ဦး

ရာသီဥတုမွမ်းမံမှုဆိုင်ရာ မောင်းသူမဲ့ ဒရုန်းလေယာဉ် “Ganlin-1”သည် ဇန်နဝါရီ ၆ ရက် ၁၅ နာရီ ၂၄ မိနစ် ၅၆ စက္ကန့်က တရုတ်နိုင်ငံ ကန်းစုပြည်နယ် ကျင်းချန်းမြို့ ကျင်းချွမ်းလေဆိပ်တွင် စတင်စမ်းသပ်ပျံသန်းခဲ့ကြောင်း သိရသည်။

ဟယ်ဖေ ၊ ဇန်နဝါရီ ၇ ရက် (ဆင်ဟွာ) ဘာသာပြန် / စိုးမိုး

ကမ္ဘာ့လူသားသမိုင်းတွင် လွန်ခဲ့သော ၃၂ နှစ် က သုတေသန စမ်းသပ်ခန်း၌ ကွမ်တန်ဆက်သွယ်ရေး စတင်ထွက်ပေါ်လာခဲ့ပြီး ထိုအချိန်က ကွမ်တန်ဆက်သွယ်ရေး ပို့ဆောင်ပေးခဲ့သည့် အကွာအဝေးသည် ၃၂ စင်တီမီတာ ဖြစ်သည်။

ရှန်ဟိုင်း၊ဇန်နဝါရီ ၄ ရက်(ဆင်ဟွာ)ဘာသာပြန်/ကိုငယ်

တရုတ်နိုင်ငံအရှေ့ပိုင်း ရှန်ဟိုင်းမြို့၌ အမြင့် ၄၈၀ မီတာရှိ အထင်ကရအဆောက်အဦသစ်တစ်လုံးကို North Bund တွင် တည်ဆောက်သွားရန် စီစဉ်နေပြီး ယင်းသည် ရှန်ဟိုင်းမြို့၏ Bund ကမ်းနားလမ်းကို ပိုမိုချဲ့ထွင်ခြင်းဖြစ်ကြောင်း ဒေသဆိုင်ရာ အာဏာပိုင်များက ပြောကြားခဲ့သည်။

ပေကျင်း၊ ဇန်နဝါရီ ၃ ရက်(ဆင်ဟွာ) ဘာသာပြန်/မြတ်မြတ်ဦး

“ထျန်းဝန်-၁(Tianwen-1)”အာကာသစူးစမ်းလေ့လာရေးယာဉ်သည် ဇန်နဝါရီ ၃ ရက် ၆ နာရီ အချိန်အထိဆိုလျှင်(၁၆၃ရက်ကြာ ပျံသန်းပြီးဖြစ်ရာ ပျံသန်းမှုခရီးအကွာအဝေး ကီလိုမီတာ သန်းပေါင်း(၄၀၀)ကျော်ထိရောက်ရှိနေပြီဖြစ်ကြောင်း နှင့် ကမ္ဘာမြေမှ အကွာအဝေး ကီလိုမီတာ သန်းပေါင်း (၁၃၀)၊ အင်္ဂါဂြိုဟ်မှ အကွာအဝေး ကီလိုမီတာ(၈.၃)သန်း နေရာသို့ ရောက်ရှိနေကြောင်း တရုတ်နိုင်ငံ အမျိုးသား အာကာသစီမံခန့်ခွဲမှု ဦးစီးဌာန(CNSA)၏ ပြောကြားချက်များအရ သိရသည်။

ပေကျင်း၊ ဒီဇင်ဘာ ၂၉ ရက် (ဆင်ဟွာ) ဘာသာပြန် - ခေါန်ရိန်

တရုတ်နိုင်ငံက လာမည့်နှစ်တွင် 5G အခြေစိုက်စခန်း ၆၀၀,၀၀၀ ကျော် တည်ဆောက်မည်ဖြစ်ကြောင်း စက်မှုလုပ်ငန်းနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာန ဝန်ကြီး Xiao Yaqing က ဒီဇင်ဘာ ၂၈ ရက်တွင် ပြုလုပ်သော အလုပ်ရုံဆွေးနွေးပွဲ၌ ပြောခဲ့သည်။

 

ဟူးဟောက်၊ ဒီဇင်ဘာ ၂၆ ရက် (ဆင်ဟွာ) ဘာသာပြန် - ခေါန်ရိန်

တရုတ်နိုင်ငံတွင် ထုတ်လုပ်သော C919 ခရီးသည်တင်လေယာဉ်ကြီးသည် နိုင်ငံမြောက်ပိုင်း အတွင်းမွန်ဂိုးလီးယား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ Hulunbuir မြို့တွင် အေးသောရာသီဥတု၌ စမ်းသပ်ပျံသန်းမှုများ စတင်ခဲ့ကြောင်း သိရသည်။

ရှီးကျားကျွမ်း၊ ဒီဇင်ဘာ ၂၄ ရက် (ဆင်ဟွာ) ဘာသာပြန် - ခေါန်ရိန်

တရုတ်နိုင်ငံမြောက်ပိုင်း ဟဲပေပြည်နယ် ထန်းဆန်းမြို့တွင် မြန်နှုန်းအမြင့်ဆုံး တစ်နာရီလျှင် ကီလိုမီတာ ၃၅၀ ထိ မောင်းနှင်နိုင်သော ကုန်စည်တင်ကျည်ဆန်ရထားကို ဒီဇင်ဘာ ၂၃ ရက် နံနက်ပိုင်းက ပထမဆုံး ပွဲဦးထွက် ထုတ်ဖော်ပြသခဲ့ကြောင်း သိရသည်။

ဟန်ကျိုး ၊ ဒီဇင်ဘာ ၂၃ ရက် (ဆင်ဟွာ) ဘာသာပြန် / စိုးမိုး

တရုတ်နိုင်ငံ ကျဲ့ကျန်းကျန်းပြည်နယ် အမျိုးသား ဒစ်ဂျစ်တယ်စီးပွားရေး တီထွင်ဆန်းသစ်မှု ဖွံ့ဖြိုးတိုးတက်ရေးက ဒီဇင်ဘာ ၂၂ ရက်တွင် ကျင်းပပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ ၂၀၂၀ ခုနှစ်တွင် ကျဲကျန်းပြည်နယ်အတွင်း 5G တာဝါတိုင်ပေါင်း တစ်သိန်းနှစ်သောင်းအထိ ပြီးစီးအောင်တည်ဆောက်သွားမည်ဖြစ်ကာ ဒေသတွင်း ကွန်ရက်ဖုံးလွမ်းမှုကို အဆင့်မြှင့်တင်ခြင်းဖြင့် မြို့နယ် မှ ကျေးရွာ အထိ အဆင့်အဆင့် ကွန်ရက်ပျံ့နှံ့မှုကို တိုးချဲ့ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

 

ပေကျင်း၊ ဒီဇင်ဘာ ၂၀ ရက် (ဆင်ဟွာ) ဘာသာပြန် - ခေါန်ရိန်

တရုတ်နိုင်ငံ Chang'e-5 အာကာသယာဉ်က လမျက်နှာပြင်မှ နမူနာ ၁,၇၃၁ ဂရမ်ကို ပြန်လည်ယူဆောင်လာနိုင်ခဲ့ကြောင်း တရုတ် အမျိုးသားအာကာသစီမံခန့်ခွဲမှုဦးစီးဌာန (CNSA) အရ သိရသည်။