Connect with us

Europe

တရုတ်-ဥရောပ ရင်းနှီးမြှုပ်နှံမှု ဆိုင်ရာ သဘောတူညီချက်က အပြန်အလှန်အကျိုးဖြစ်ထွန်းစေမည်ဟု ဂျာမနီဝန်ကြီးချုပ် အိန်ဂျလာမာကဲလ်က ယုံကြည်

ဂျာမနီနိုင်ငံ ဟမ်းဘတ်မြို့သို့ မောင်းနှင်မည့် ကုန်တင်ရထားကြီးသည် တရုတ်နိုင်ငံ မြောက်ပိုင်း ဟဲပေပြည်နယ် စီကျားကျွမ်းနိုင်ငံတကာကုန်တွင်းဆိပ်ကမ်းမှ ထွက်ခွါရန် ပြင်ဆင်နေသည်ကို ဧပြီ ၁၇ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ဘာလင်၊ မေ ၉ ရက်(ဆင်ဟွာ)

တရုတ်-ဥရောပ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ သဘောတူညီချက်က အပြန်အလှန်အကျိုးဖြစ်ထွန်းစေမည့် ကုန်သွယ်ရေးအတွက် အုတ်မြစ်ချခြင်းဖြစ်ပြီး ဈေးကွက်ဝင်ရောက်ထိုးဖောက်ရာ၌ ပို၍ အပြန်အလှန်အကျိုးဖြစ်ထွန်းစေမည်ဟု ဂျာမနီဝန်ကြီးချုပ် အိန်ဂျလာမာကဲလ်၏ ပြောကြားချက်ကို ကိုးကား၍ AFPသတင်းတွင် ဖော်ပြထားသည်။

အထက်ပါမှတ်ချက်ကို အိန်ဂျလာမာကဲလ်က ၎င်း၏ ကွန်ဆာဗေးတစ်ပါတီ မဟာမိတ် ဖြစ်သော CDU (Christian Democrats Union)/CSU (Christian Social Union)အား ဗုဒ္ဓဟူးနေ့တွင် ပြောကြားခဲ့ခြင်းဖြစ်ကြောင်း AFP က ဆိုသည်။

တရုတ်-ဥရောပ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ သဘောတူညီချက်ကို ခွင့်ပြုရာတွင် အခက်အခဲများပေါ်ထွက်နိုင်သော်လည်း အလွန်အရေးကြီးသည့်လုပ်ငန်းတာဝန်တစ်ရပ် ဖြစ်သည်ဟု ယုံကြည်ကြောင်း အိန်ဂျလာမာကဲလ်က ပြောကြားခဲ့သည်။ (Xinhua)
————————————
(English Version)
Merkel sees China-EU investment pact “mutually beneficial:” report
2021-05-08 23:45:47
BERLIN, May 8 (Xinhua) — German Chancellor Angela Merkel has said the China-European Union (EU) investment deal laid the foundations for “mutually beneficial” trade, citing such advantages as more reciprocity on market access, according to the Agence France-Presse (AFP).
Merkel made this remark in a speech to her conservative CDU (Christian Democrats Union)/CSU (Christian Social Union) alliance on Wednesday, the AFP reported.
Merkel remained convinced that the China-EU investment deal was a “very important undertaking” despite “all the difficulties that will surely arise with the ratification,” the AFP said. Enditem

A freight train bound for Hamburg, Germany is ready to depart at the Shijiazhuang international land port in north China’s Hebei Province, on April 17, 2021. (Photo by Zhang Xiaofeng/Xinhua)