ရန်ကုန် ၊ စက်တင်ဘာ ၂၉ ရက်(ဆင်ဟွာ)
တရုတ်ပြည်သူ့သမ္မတနိုင်ငံထူထောင်ခြင်း (၇၁) နှစ်မြောက်အထိမ်းအမှတ် ၊ တရုတ်-မြန်မာနှစ်နိုင်ငံသံတမန်ဆက်ဆံရေးနှစ် (၇၀) ပြည့်အထိမ်းအမှတ် ၊ တရုတ်-မြန်မာယဉ်ကျေးမှုနှင့်ခရီးသွားလာရေးနှစ်ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ၂၀၂ဝ ပြည့်နှစ် မြန်မာနိုင်ငံတွင် “တရုတ်ရုပ်ရှင်ပွဲတော်” ကို အောက်တိုဘာ ၁ ရက်မှ စ၍ အွန်လိုင်းမှတစ်ဆင့် ကျင်းပမည် ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံရုံးမှ ယနေ့ထုတ်ပြန်ခဲ့သည်။