ဘဂ္ဂဒက်၊ ဇန်နဝါရီ ၂၀ ရက် (ဆင်ဟွာ) ဘာသာပြန် - ခေါန်ရိန်
အီရတ်နိုင်ငံက COVID-19 ကပ်ရောဂါ ပျံ့နှံ့မှုကို ထိန်းချုပ်ရေးအတွက် တရုတ်နိုင်ငံ၏ Sinopharm နှင့် ဗြိတိန်နိုင်ငံ၏ AstraZeneca ကာကွယ်ဆေးများကို အရေးပေါ်အသုံးပြုရန် ဇန်နဝါရီ ၁၉ ရက်က ခွင့်ပြုလိုက်ကြောင်း သိရသည်။