ဂျီနီဗာ၊ ဖေဖော်ဝါရီ ၂၃ ရက်(ဆင်ဟွာ)
အချို့ဝင်ငွေမြင့်မားသည့်နိုင်ငံများနှင့် ကိုဗစ်ကာကွယ်ဆေးထုတ်လုပ်သောကုမ္ပဏီလုပ်ငန်းများအကြား ချုပ်ဆိုထားသည့် ကာကွယ်ဆေးဝယ်ယူရေး စာချုပ်များသည် WHOမှဦးဆောင်သည့် ကိုဗစ်ကာကွယ်ဆေးအစီအစဉ်(COVAX)ကို ထိခိုက်စေရာ အစီအစဉ်အရ ဝယ်ယူရမည့် ကာကွယ်ဆေးပမာဏ လျော့နည်းသွားစေကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ညွှန်ကြားရေးမှူးချုပ် တက်ဒရော့စ်က ဖေဖော်ဝါရီ ၂၂ ရက်တွင် ပြောကြားခဲ့သည်။