ဘီဂရိတ် ၊ ဇန်နဝါရီ ၂၀ ရက် (ဆင်ဟွာ) ဘာသာပြန်/စိုးမိုး
ဆားဘီးယားနိုင်ငံကျန်းမာရေးဝန်ကြီးဌာန ဝန်ကြီး Zlatibor Loncar က ဇန်နဝါရီ ၁၉ ရက်၌ တရုတ်နိုင်ငံ Sinopharm ကုမ္ပဏီ မှ တီထွင်ထုတ်လုပ်သည့် COVID-19 ရောဂါကာကွယ်ဆေးအား ထိုးနှံမှုခံယူခဲ့ပြီး ဆားဘီးယားနိုင်ငံတွင် တရုတ်နိုင်ငံမှ ကာကွယ်ဆေးအား ပထမဦးဆုံး ထိုးနှံမှုခံယူသူ ဖြစ်လာခဲ့ကြောင်း သိရှိရသည်။

ပေကျင်း၊ ဇန်နဝါရီ ၁၉ ရက်(ဆင်ဟွာ) ဘာသာပြန်/မြတ်မြတ်ဦး

၂၀၂၀ ပြည့်နှစ် ဩဂုတ်လက ဖြစ်ပွားခဲ့သည့် လက်ဘနွန်နိုင်ငံ ဘေရွတ်ဆိပ်ကမ်းပေါက်ကွဲမှုအပြီးတွင် ဆင်ဟွာသတင်းဌာန၏ သတင်းဓာတ်ပုံတစ်ပုံကို တစ်ကမ္ဘာလုံးက အာရုံစိုက်ခဲ့ကြသည်။ အပြာရောင် သူနာပြုဝတ်စုံဝတ်ဆင်ထားသည့် လူငယ်ပိုင်းအရွယ် သူနာပြုဆရာမလေးတစ်ဦးက မွေးကင်းစအရွယ် ကလေးငယ်(၃)ဦးကို ရင်ဝယ်ပိုက်ပြီး ပခုံးတွင် တယ်လီဖုန်းညှပ်ဆက်သွယ်အကူအညီတောင်းခံနေရာ ၎င်း၏ရှေ့စားပွဲနှင့်အနောက်ကြမ်းခင်းပြင်တွင် ပေါက်ကွဲမှုကြောင့် လွင့်စင်လာသည့် အပျက်အစီးအပိုင်းအစများ ပြန့်ကျဲလျက်ရှိသည့် သတင်းဓာတ်ပုံပင် ဖြစ်ပါသည်။ ယင်းဓါတ်ပုံတင်ပြီးနောက် တစ်ကမ္ဘာလုံးရှိ အဓိကမီဒီယာများက ပြန်လည်ဖြန့်ဝေခဲ့ကြရာ လူမှုကွန်ရက်မီဒီယာများတွင်လည်း အားလုံး၏အာရုံပြုဖွယ်ရာဖြစ်ခဲ့သည်။

ကန်ဘာရာ၊ ဇန်နဝါရီ ၁၉ ရက် (ဆင်ဟွာ) ဘာသာပြန် - ခေါန်ရိန်

နော်ဝေနိုင်ငံတွင် ကာကွယ်ဆေးထိုးနှံမှုခံယူသူများ သေလုမျောပါးအခြေအနေများရှိခဲ့သော်လည်း သြစတြေးလျနိုင်ငံ၌ Pfizer ကာကွယ်ဆေးထိုးနှံခြင်းကို ဆက်လက်လုပ်ဆောင်သွားမည် ဖြစ်ကြောင်း သြစတြေးလျ အစိုးရ၏ ကာကွယ်ဆေးဆိုင်ရာ အကြံပေးပညာရှင်တစ်ဦးက ပြောကြားခဲ့သည်။

လစ္စဘွန်း ၊ ဇန်နဝါရီ ၁၉ ရက် (ဆင်ဟွာ) ဘာသာပြန်/စိုးမိုး

ပေါ်တူဂီနိုင်ငံတွင် လက်ရှိအချိန်၌ COVID-19 ကပ်ရောဂါအခြေအနေ ပိုမိုဆိုးရွားလာသောကြောင့် အစိုးရအဖွဲ့ ဝန်ကြီးများကောင်စီ က ဇန်နဝါရီ ၁၈ ရက် အထူးအစည်းအဝေး တစ်ရပ်ကျင်းပ ပြုလုပ်ကာ ကပ်ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်ရန် ဆွေးနွေးညှိနှိုင်း သတ်မှတ်ခဲ့ကြသည်။ ယင်းအစည်းအဝေးအပြီးတွင် ပေါ်တူဂီနိုင်ငံဝန်ကြီးချုပ် António Costa က ကပ်ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ ပိုမိုတင်းကျပ်စွာ ဆောင်ရွက်မည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။

ဘရာဇီးလီယား၊ ဇန်နဝါရီ ၁၉ ရက်(ဆင်ဟွာ) ဘာသာပြန်/မြတ်မြတ်ဦး

ဘရာဇီးနိုင်ငံ၌ ကိုဗစ်ကာကွယ်ဆေးကို ဇန်နဝါရီ ၁၈ ရက်မှ စတင်ကာ တရားဝင်ထိုးနှံမှု စတင်လိုက်ပြီဖြစ်ကြောင်း ဘရာဇီးကျန်းမာရေးဝန်ကြီးဌာနက ယင်းနေ့တွင် ကြေညာခဲ့သည်။

ဘရာဇီးလီယား၊ ဇန်နဝါရီ ၁၈ ရက်(ဆင်ဟွာ) ဘာသာပြန်/မြတ်မြတ်ဦး

တရုတ်နိုင်ငံ SINOVAC ကုမ္ပဏီထုတ် CoronaVac ကာကွယ်ဆေးကို အရေးပေါ်အသုံးပြုခွင့်ပေးလိုက်ပြီဖြစ်ကြောင်း ဘရာဇီး အမျိုးသား ကျန်းမာရေးကဏ္ဍကြီးကြပ်မှုဌာန (Anvisa)က ဇန်နဝါရီ ၁၇ ရက်တွင်ကြေညာခဲ့သည်။ ဘရာဇီး၏ ပထမအသုတ် ကိုဗစ်ကာကွယ်ဆေးထိုးနှံမှုခံယူသူများအား ယင်းနေ့တွင် တရုတ်နိုင်ငံ၏ကာကွယ်ဆေး ထိုးပေးခဲ့ကြောင်း သိရသည်။

အန်ကာရာ၊ ဇန်နဝါရီ ၁၇ ရက်(ဆင်ဟွာ) ဘာသာပြန်/မြတ်မြတ်ဦး

တူရကီနိုင်ငံတွင် ဇန်နဝါရီ ၁၄ ရက်မှစ၍ တစ်နိုင်ငံလုံးရှိ ကျန်းမာရေးဝန်ထမ်းများအား တရုတ်နိုင်ငံထုတ် COVID-19 ကာကွယ်ဆေးများ ထိုးနှံပေးမှု စတင်ဆောင်ရွက်ခဲ့သည်။ တူရကီ ကျန်းမာရေးဝန်ကြီးဌာန၏ ကိန်းဂဏန်းများအရ ဇန်နဝါရီ ၁၅ ရက်အထိ COVID-19ကာကွယ်ဆေး ထိုးနှံပြီးသူ ကျန်းမာရေးဝန်ထမ်း (၆) သိန်းကျော်ရှိပြီ ဖြစ်ကြောင်း သိရသည်။

ပါရီ၊ ဇန်နဝါရီ ၁၇ ရက်(ဆင်ဟွာ) ဘာသာပြန်/မြတ်မြတ်ဦး

COVID-19ကပ်ရောဂါအခြေအ‌နေ တည်ငြိမ်မှုများ မရှိသေးခြင်းကြောင့် ဇန်နဝါရီ ၁၆ ရက်မှစ၍ ပြင်သစ်တွင် ညမထွက်ရအမိန့်တားမြစ်ချက်အား တစ်နိုင်ငံလုံးတွင် တိုးချဲ့ကျင့်သုံးလျက်ရှိကြောင်းသိရသည်။

ပေကျင်း၊ ဇန်နဝါရီ ၁၆ ရက် (ဆင်ဟွာ) ဘာသာပြန် - ခေါန်ရိန်

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ၏ နိုင်ငံတကာ ကျွမ်းကျင်ပညာရှင်အဖွဲ့တစ်ဖွဲ့သည် တရုတ်နိုင်ငံသို့ ဇန်နဝါရီ ၁၄ ရက်က ရောက်ရှိခဲ့ပြီး ဝူဟန့်မြို့ရှိ ဟိုတယ်တစ်ခုတွင် စတင်၍ ကွာရန်တင်း (quarantine) ဝင်လျက်ရှိကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကျောက်လိကျန်းက ဇန်နဝါရီ ၁၅ ရက်၌ ပြောကြားခဲ့သည်။

နယူးယောက် ၊ ဇန်နဝါရီ ၁၆ ရက် (ဆင်ဟွာ) ဘာသာပြန်/စိုးမိုး

အမေရိကန်နိုင်ငံ ဂျွန်ဟော့ကင်းတက္ကသိုလ်၏ ဇန်နဝါရီ ၁၅ ရက်တွင် ထုတ်ပြန်ခဲ့သည့် COVID-19 ရောဂါဆိုင်ရာ နောက်ဆုံးစာရင်းပြုစုချက်အရ ဇန်နဝါရီ ၁၅ ရက် အမေရိကန် အရှေ့ပိုင်းဒေသစံတော်ချိန် ၁၂ နာရီ ၂၂ မိနစ် အချိန်ထိ ကမ္ဘာပေါ်တွင် COVID-19 ရောဂါကြောင့် သေဆုံးသူ ၂ သန်းကျော် အထိ ရောက်ရှိလာခဲ့ပြီး အတိအကျအားဖြင့် ၂,၀၀၀,၉၀၅ ဦး အထိရောက်ရှိလာခဲ့ကြောင်း သိရှိရသည်။