ပေကျင်း ၊ မတ် ၉ ရက် (ဆင်ဟွာ)
၁၃ ကြိမ်မြောက် တရုတ်ပြည်သူ့ နိုင်ငံရေးဆွေးနွေးညှိနှိုင်းမှု ညီလာခံ ( CPPCC ) ပထမ အကြိမ် ဒုတိယမြောက် မျက်နှာစုံညီ အစည်းအဝေး အား မတ်လ ၈ ရက်နေ့ နံနက်ပိုင်း အချိန်တွင် ပေကျင်းမြို့ ရှိ ပြည်သူ့ ခန်းမကြီး တွင် ကျင်းပ ပြုလုပ် ခဲ့ပြီး အစည်းအဝေး တွင် CPPCC ၏ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေ ပြင်ဆင်ခြင်း မူကြမ်း အား အဓိက ထား ဆွေးနွေး ခဲ့ပြီး တရုတ် နိုင်ငံ ကွန်မြူနစ် ပါတီ နိုင်ငံရေးဗျူရို အမြဲတမ်း ကော်မတီဝင် ၊ ၁၃ ကြိမ်မြောက် CPPCC ပထမ အကြိမ် အစည်းအဝေး ၏ ခေါင်းဆောင်များ အစည်းအဝေး အခမ်းအနားမှူး ဝမ်းရန် (Wang Yang) တက်ရောက် ခဲ့သည်။