ကိုင်ရို၊ ဇန်နဝါရီ ၂၀ ရက် (ဆင်ဟွာ) ဘာသာပြန်/မြတ်မြတ်ဦး
လွန်ခဲ့သည့် နှစ်ပေါင်း (၄,၃၀၀) ကျော် ရှေးအီဂျစ်တိုင်းပြည် ဆဋ္ဌမမြောက်မင်းဆက် တည်ထောင်သူ ဖာရိုဘုရင် Teti ၏ မိဖုရားတစ်ပါး ဂူဗိမာန်ကို ပြီးခဲ့သည့်ရက်များက Giza ပြည်နယ် Saqqara ဒေသ၌ တူးဖော်တွေ့ရှိရကြောင်း အီဂျစ်ပူးတွဲရှေးဟောင်းသုတေသနအဖွဲ့က ဇန်နဝါရီ ၁၇ ရက်တွင် ကြေညာခဲ့သည်။