ဂျကာတာ ၊ ဧပြီ ၉ ရက် (ဆင်ဟွာ)

အင်ဒိုနီးရှားနိုင်ငံ အမျိုးသားသဘာဝဘေးတိုက်ဖျက်ရေးဌာန၏ ဧပြီ ၈ ရက်ထုတ်ပြန်ချက်အရ အင်ဒိုနီးရှားနိုင်ငံတွင် လတ်တလောရက်ပိုင်းအတွင်း အပူပိုင်းဆိုင်ကလုန်းမုန်တိုင်းဖြတ်သန်းသဖြင့် ဖြစ်ပွားခဲ့သည့် ဆိုးရွားသည့် ရာသီဥတုကြောင့် သေဆုံးခဲ့ရသူ စုစုပေါင်းမှာ ၁၆၅ ဦးအထိ ရောက်ရှိလာခဲ့ပြီး လူပေါင်း ၄၅ ဦး ပျောက်ဆုံးနေကြောင်း သိရှိရသည်။

ဂျကာတာ၊ ဧပြီ ၈ ရက် (ဆင်ဟွာ)

ဂျကာတာ-ဘန်ဒေါင်း မြန်နှုန်းမြင့်ရထားလမ်း (HSR) ၏ မီတာ ၅၀ ရှိသော ရထားသံလမ်းများ ပထမအသုတ်သည် ရထားလမ်းအခြေစိုက်စခန်းသို့ ဧပြီ ၇ ရက်က ရောက်ရှိခဲ့ကြောင်း မီးရထားလမ်း ဆောင်ရွက်သူက ပြောကြားခဲ့သည်။

ဂျကာတာ၊ဧပြီ ၈ ရက်(ဆင်ဟွာ)

အင်ဒိုနီးရှားနိုင်ငံ အရှေ့နျူဆာတန်ဂါရာပြည်နယ်တွင် အပူပိုင်း ဆိုင်ကလုန်းမုန်တိုင်းဒဏ်ကြောင့် ရေကြီးမှုများနှင့်မြေပြိုမှုများအတွင်း အနည်းဆုံး လူပေါင်း ၁၃၈ ဦးသေဆုံးပြီး အခြား ၆၁ ဦးပျောက်ဆုံးလျက်ရှိကြောင်း အမျိုးသားသဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုအေဂျင်စီက ဧပြီ ၇ ရက်တွင် ပြောကြားခဲ့သည်။

ဂျကာတာ၊ ဧပြီ ၇ ရက် (ဆင်ဟွာ)

အင်ဒိုနီးရှားနိုင်ငံ အရှေ့နျူဆာတန်ဂါရာပြည်နယ်တွင် ဆာရိုဂျာ အပူပိုင်းဆိုင်ကလုန်းမုန်တိုင်း တိုက်ခတ်မှုခဲ့ပြီး ဖြစ်ပေါ်ခဲ့သော ရေကြီးရေလျှံမှုများနှင့် မြေပြိုမှုများကြောင့် သေဆုံးသူအရေအတွက်မှာ ၁၁၇ ဦးအထိ မြင့်တက်လာခဲ့ကြောင်း သဘာဝဘေးစီမံခန့်ခွဲမှုအေဂျင်စီက ဧပြီ ၆ ရက်၌ ပြောကြားခဲ့သည်။

ဂျကာတာ၊ဧပြီ ၆ ရက်(ဆင်ဟွာ)

အင်ဒိုနီးရှားနိုင်ငံတွင် COVID-19 ကပ်ရောဂါ ကူးစက်ပြန့်နှံ့နေစဉ်အတွင်း လေဝင်လေထွက်ကောင်းသော ကျောင်းခန်းပြင်ပ စာသင်ကြားရေးဖြစ်သည့် ကားမောင်းရင်းစာသင်(DIL) အစီအစဉ်ကို ပြုလုပ်ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

ဗီယင်ကျန်း၊ဧပြီ ၅ ရက်(ဆင်ဟွာ)

လာအိုနိုင်ငံ ဗီယင်ကျန်းမြို့တော်အနီးရှိ Nam Ngum ရေကန်ကြီးတွင် တနင်္ဂနွေနေ့နံနက်ပိုင်းက ရွက်လှေတစ်စင်းတိမ်းမှောက်မှုဖြစ်ပွားရာ လူ ၈ ဦးသေဆုံးသွားကြောင်း လာအိုနိုင်ငံပိုင် KPK သတင်းဌာနက ဖော်ပြခဲ့သည်။

ခတ္တမန္ဒူ ၊ ဧပြီ ၆ ရက်(ဆင်ဟွာ)

နီပေါနိုင်ငံ ကျန်းမာရေးဝန်ကြီး Hridayas Tripathi က ကျန်းမာရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းများအား ထိထိရောက်ရောက် မပြဌာန်းပါက နီပေါနိုင်ငံ၌ COVID-19 ရောဂါ ဖြစ်ပွားမှုများ ပြန်တိုးလာနေခြင်းသည် ယခုနှစ် ဇွန်လနှောင်းပိုင်းမှ ဇူလိုင်လအစောပိုင်းကာလအတွင်း အမြင့်ဆုံးသို့ ရောက်ရှိသွားနိုင်ကြောင်း သတိပေးပြောကြားခဲ့သည်။

ဂျကာတာ၊ ဧပြီ ၆ ရက် (ဆင်ဟွာ)

အင်ဒိုနီးရှားနိုင်ငံ အရှေ့နျူဆာတန်ဂါရာပြည်နယ်တွင် ဆာရိုဂျာ (Seroja) အပူပိုင်းဆိုင်ကလုန်း တိုက်ခတ်မှုကြောင့် ရေကြီးရေလျှံမှုများနှင့် မြေပြိုမှုများ ဖြစ်ပွားခဲ့ရာ လူ ၆၈ ဦးထက်မနည်းသေဆုံးပြီး အခြားသူ ၇၀ ပျောက်ဆုံးနေဆဲဖြစ်ကြောင်း သဘာဝဘေးလျော့ပါးရေးအေဂျင်စီက ဧပြီ ၅ ရက် မွန်းလွဲပိုင်း၌ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။

ပြုံယန်း ၊ ဧပြီ ၆ ရက် (ဆင်ဟွာ)

မြောက်ကိုရီးယားနိုင်ငံ(DPRK) သည် COVID-19 ရောဂါစိုးရိမ်ပူပန်မှုကြောင့် လာမည့် ဇူလိုင်လတွင် ဂျပန်နိုင်ငံ၌ ကျင်းပမည့် တိုကျိုနွေရာသီအိုလံပစ်အားကစားပြိုင်ပွဲသို့ ပါဝင်ယှဉ်ပြိုင်မည်မဟုတ်ကြောင်း မြောက်ကိုရီးယားနိုင်ငံ အားကစားဝက်ဆိုက် တစ်ခု၏ ယနေ့ ဧပြီ ၆ ရက် ဖော်ပြချက်အရ သိရသည်။

ဘန်ကောက် ၊ ဧပြီ ၅ ရက်(ဆင်ဟွာ)

ထိုင်းနိုင်ငံ၌ ဧပြီ ၅ ရက်တွင် COVID-19 လူနာသစ် ၁၉၄ ဦး စစ်ဆေးတွေ့ရှိခဲ့ခြင်း နှင့်အတူ ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကူးစက်မှုသည် မြင့်တက်လာခဲ့ကြောင်း ၊ အဓိကအားဖြင့် ဘန်ကောက်မြို့ရှိ ဘားဆိုင်များ နှင့် နိုင်ငံတောင်ပိုင်း Narathiwat ပြည်နယ်ရှိ အကျဉ်းထောင်တွင် အစုလိုက်အပြုံလိုက် ကူးစက်မှုများကြောင့် ဖြစ်ကြောင်း COVID-19 အခြေအနေစီမံခန့်ခွဲရေးစင်တာ (CCSA)ထံမှ သိရသည်။