ပေကျင်း၊ နိုဝင်ဘာ ၂၆ ရက်(ဆင်ဟွာ) ဘာသာပြန်/မြတ်မြတ်ဦး

လမ်းကြောင်းပြ ဝေလငါး အကောင် ၁၀၀ နီးပါး ယခုရက်ပိုင်းများတွင် နယူးဇီလန်နိုင်ငံ ၏ လူသူအရောက် အပေါက်နည်းသည့် အစွန်အဖျားပင်လယ်ကျွန်းကမ်းခြေတစ်ခု၌ အုပ်စုလိုက် သောင်တင်နေခဲ့ကြောင်း၊ ထိုဖြစ်ရပ်ကို နောက်ကျမှ တွေ့ရှိခဲ့သဖြင့် ဝေလငါးအများစုမှာ သေဆုံးသွားခဲ့ကြောင်း နယူးဇီလန် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဌာနက နိုဝင်ဘာ ၂၅ ရက်တွင် ပြောကြားခဲ့သည်။

ဆစ်ဒနီ ၊ အောက်တိုဘာ ၁၂ ရက်(ဆင်ဟွာ)

ဩစတြေးလျနိုင်ငံရှိ တက္ကသိုလ်တစ်ခုသို့ သွားရောက်လည်ပတ်စဉ် ဝန်ကြီးချုပ် Scott Morrison ၏ ကားကို ဒုက္ခသည်အခွင့်အရေးများအပေါ် မကျေနပ်သည့် ဆန္ဒပြလူအုပ်ကြီးက ယနေ့ အောက်တိုဘာ ၁၂ ရက်တွင် မင်နီဖြင့် ဖျန်းပက်ခဲ့ကြောင်း သိရသည်။

ဆူဗာ၊မေ ၅ ရက်(ဆင်ဟွာ)

တောင်ပစိဖိတ်ကျွန်းနိုင်ငံတစ်ခုဖြစ်သော ဖီဂျီနိုင်ငံတွင် COVID-19 တိုက်ဖျက်ရေးအတွက် လိုအပ်သော ဆေးဘက်ဆိုင်ရာ အထောက်အပံ့များကို တရုတ်နိုင်ငံက မေ ၄ ရက်တွင် ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

ဆစ်ဒနီ ၊ ဖေဖော်ဝါရီ ၁၉ ရက်(ဆင်ဟွာ)

ဩစတြေးလျနိုင်ငံ၏ ဘတ်ဂျက်လေကြောင်းလိုင်းတစ်ခုဖြစ်သော Jetstar လေကြောင်းလိုင်းမှ မြေပြင်ဝန်ထမ်းများသည် နိုင်ငံအနှံ့အပြားရှိ လေဆိပ်များတွင် ဖေဖော်ဝါရီ ၁၈ ရက်က အလုပ်မဆင်းဘဲ သပိတ်မှောက်ခဲ့ကြကြောင်း နှင့် ယင်းအတွက်ကြောင့် လေကြောင်းခရီးစဉ် အများအပြားဖျက်သိမ်းခဲ့ရပြီး လေဆိပ်လုပ်ငန်းလည်ပတ်မှု အခက်အခဲများစွာ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

အက်ခ်လန်၊ ဇန်နဝါရီ ၆ ရက် (ဆင်ဟွာ)

ဩစတြေးလျနိုင်ငံတွင် တောမီး အကြီးအကျယ်လောင်ကျွမ်းမှုမှ ထွက်ရှိလာသည့် မီးခိုးလုံးကြီးများကြောင့် ဇန်နဝါရီ ၅ ရက် မွန်းလွဲပိုင်းက နယူးဇီလန်နိုင်ငံ အက်ခ်လန်မြို့၏ ကောင်းကင်ပြင်သည် အံ့ဩထိတ်လန့်ဖွယ် လိမ္မော်ရောင်အဖြစ် ပြောင်းလဲသွားကြောင်း သိရသည်။ 

ဝဲလ်လင်တန် ၊ ဒီဇင်ဘာ ၁၅ ရက်(ဆင်ဟွာ)

အသက် ၆ နှစ်အရွယ် ကလေးငယ်တစ်ဦးသည် မြစ်ထဲပြုတ်ကျသွားသော ကားတစ်စီးထဲတွင် ပိတ်မိနေသည့် ၎င်း၏ မိခင်အား ကယ်တင်ရန် နှစ်ကီလိုမီတာအကွာလမ်းလျှောက်၍ ပတ်ဝန်းကျင်ထံ လိုက်လံအကူအညီတောင်းခံခဲ့ကြောင်း နယူးဇီလန်ပြည်တွင်း သတင်းဌာနတစ်ခုက ဒီဇင်ဘာ ၁၅ ရက်တွင် ဖော်ပြခဲ့သည်။

ဟိုးဘတ်၊ ဒီဇင်ဘာ ၇ ရက်(ဆင်ဟွာ)

POWERCHINA ကုမ္ပဏီမှ ရင်းနှီးမြုပ်နှံဆောင်ရွက်ထားသည့်  ဩစတြေးလျနိုင်ငံ တက်စမေးနီးယားပြည်နယ် Cattle Hill လေအားလျှပ်စစ်စီမံကိန်းတွင်  ပထမအသုတ် လေရဟတ်တာဘိုင်များ ချိတ်ဆက်၍ လျှပ်စစ်ဓါတ်အား ထုတ်လွှတ်သည့် အခမ်းအနားကို ဒီဇင်ဘာ ၆ ရက်က ကျင်းပခဲ့ကြောင်းသိရသည်။

အော့ကလန်၊နိုဝင်ဘာ ၂၈ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံ နိုင်ငံတကာ ကုန်သွယ်မှုမြှင့်တင့်ရေးကော်မတီ(CCPIT)နှင့် နယူးဇီလန် တရုတ်ကုန်သွယ်ရေးအသင်းတို့မှ ကြီးမှူးကျင်းပသော တရုတ် - နယူးဇီလန် စီးပွားရေးကောင်စီအစည်းအဝေးကို နိုဝင်ဘာ ၂၈ ရက်က အော့ကလန်တွင် ကျင်းပခဲ့သည်။

ဆစ်ဒနီ ၊ နိုဝင်ဘာ ၁၂ ရက်(ဆင်ဟွာ)

အလွန်ဆိုးရွားပြင်းထန်သော တောမီးများအကြီးအကျယ်လောင်ကျွမ်းနေမှုကြောင့် ဩစတြေးလျနိုင်ငံ၏ အကြီးဆုံး ဆစ်ဒနီမြို့အပါအဝင်နိုင်ငံ အရှေ့ပိုင်းနယူးဆောက်ဝေးပြည်နယ်ကို  နိုင်ငံတော်အရေးပေါ်အခြေအနေ ကြေညာလိုက်ကြောင်း သိရသည်။