ဝါရှင်တန်၊ဖေဖော်ဝါရီ ၁၆ ရက်(ဆင်ဟွာ)
အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့်အား ဒုတိယအကြိမ်စွပ်စွဲပြစ်တင်ရန် အထက်လွှတ်တော် ဆီးနိုတ်၌ မဲခွဲရာတွင် အပြစ်မရှိကြောင်း ဆုံးဖြတ်ခဲ့ပြီးနောက် နှစ်ရက်အကြာ အမေရိကန်နိုင်ငံ လွှတ်တော်ဥက္ကဌ နန်စီပလိုစီက ကက်ပီတိုလွှတ်တော်အဆောက်အဦ၌ ဇန်နဝါရီ ၆ ရက်က ဖြစ်ပွားခဲ့သော အလွန်အမင်းစိုးရိမ်စရာကောင်းသည့် အဓိကရုဏ်းဖြစ်ပွားမှုနှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးရန် “ ၉/၁၁ - ကော်မရှင်” ပုံစံ လွတ်လပ်သော ကော်မရှင်တစ်ရပ်ကို ဖွဲ့စည်းသွားရန် စီစဉ်နေကြောင်း ဖေဖော်ဝါရီ ၁၅ ရက်တွင် ထုတ်ဖော်ပြောကြားလိုက်သည်။