ပေကျင်း၊ ဖေဖော်ဝါရီ ၂၅ ရက်(ဆင်ဟွာ)
ဗဟိုအမေရိကတိုက် နိုင်ငံများဖြစ်သည့် အယ်လ်ဆာဗေးဒိုး ၊ ဂွါတီမာလာ ၊ ဟွန်ဒူးရပ်စ်နှင့် နီကာရာဂွါနိုင်ငံများတွင် ငတ်မွတ်ခေါင်းပါးမှုဘေးနှင့် ရင်ဆိုင်နေရသူ ဦးရေသည် လွန်ခဲ့သည့်(၂)နှစ်ကထက် လေးဆတိုးမြင့်လာခဲ့ကြောင်း ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်(WFP)၏ ဖေဖော်ဝါရီ ၂၃ ရက် ထုတ်ပြန်သည့် နောက်ဆုံးရ ကိန်းဂဏန်းများက ဖော်ပြထားသည်။