ပေကျင်း၊ဖေဖော်ဝါရီ ၁၈ ရက်(ဆင်ဟွာ)

မြန်မာနိုင်ငံအခြေအနေနှင့်ပတ်သက်၍ တရုတ်နိုင်ငံအပေါ် ပြောဆိုနေသော ကောလာဟလများမှာ မဟုတ်မှန်ကြောင်း ၊ အင်တာနက်ကောလာဟလများမှာ အခြေအမြစ်မရှိကြောင်း ၊ သို့သော် ယင်းမှာ တရုတ်-မြန်မာ ဆက်ဆံရေး နှင့် ချစ်ကြည်ရင်းနှီးမှုကို ဖျက်ဆီးရန် နှင့် တမင်သက်သက်နှောင့်ယှက်ရန် ရည်ရွယ်လုပ်ဆောင်ခြင်းသာဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူက ယနေ့ဖေဖော်ဝါရီ ၁၈ ရက်တွင် ပြောကြားခဲ့သည်။

ရန်ကုန် ၊ ဖေဖော်ဝါရီ ၁၀ ရက်(ဆင်ဟွာ)

တရုတ်-မြန်မာ နှစ်နိုင်ငံအကြား ပျံသန်းသွားလာသည့် လေယာဉ်ဟူသည်မှာ ပုံမှန် ကုန်တင်လေယာဉ်ခရီးစဉ်များဖြစ်ပြီး ပင်လယ်စာ စသည့် ပို့ကုန်သွင်းကုန်ပစ္စည်းများ သယ်ယူပို့ဆောင်ရန်အတွက်သာဖြစ်ကြောင်း မြန်မာနိုင်ငံရှိ တရုတ်နိုင်ငံ ကုန်သည် လုပ်ငန်းရှင်များ အသင်း (China Enterprises Chamber of Commerce in Myanmar )က အသင်း၏ လေ့လာအတည်ပြုချက်အား ယနေ့ ဖေဖော်ဝါရီ ၁၀ ရက်တွင် ရှင်းလင်းထုတ်ပြန်ခဲ့သည်။ 

ပေကျင်း ၊ ဖေဖော်ဝါရီ ၁ ရက် (တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန) 

ယနေ့ ဖေဖော်ဝါရီ ၁ ရက်တွင် ကျင်းပပြုလုပ်သော တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန၏ သတင်းစာရှင်းလင်းပွဲအတွင်း လတ်တလောဖြစ်ပွားနေသော မြန်မာနိုင်ငံအခြေအနေအပေါ် သတင်းထောက် တစ်ဦး၏ မေမြန်းချက်အား နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဝမ်းဝန်ပင်း က အောက်ပါအတိုင်း ပြန်လည်ဖြေကြားခဲ့သည်။

ရန်ကုန်၊ ဇန်နဝါရီ ၂၈ ရက် (ဆင်ဟွာ) ရေးသားသူ/အိမွန်ကျော်

တရုတ်ပြည်သူ့သမ္မတနိုင်ငံအစိုးရမှ မြန်မာနိုင်ငံ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များအတွက် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) သို့ ယနေ့ (ဇန်နဝါရီ ၂၈ ရက်)တွင် အလှူငွေ ပေးအပ်ခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက ထုတ်ပြန်သော သတင်းအရ သိရသည်။

ရန်ကုန် ၊ ဇန်နဝါရီ ၂၀ ရက် (ဆင်ဟွာ) ရေးသားသူ/ဟေမာန်


တရုတ်-မြန်မာ-ဘင်္ဂလားဒေ့ရှ် ဒုတိယဝန်ကြီးအဆင့် သုံးပွင့်ဆိုင် အလွတ်သဘောဆွေးနွေးပွဲအား ဇန်နဝါရီ ၁၉ ရက်တွင် ဗီဒီယိုကွန်ဖရင့်ဖြင့် ကျင်းပခဲ့ပြီး ရခိုင်ပြည်နယ် နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်အား ပိုမိုတွန်းအားပေးရေးနှင့်စပ်လျဉ်း၍ တရုတ်-မြန်မာ-ဘင်္ဂလားဒေ့ရှ် တက်တက်ကြွကြွ သဘောတူညီကြကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံရုံးက ယနေ့ ထုတ်ပြန်ခဲ့သည်။

နေပြည်တော်၊ ဇန်နဝါရီ ၁၂ ရက်(ဆင်ဟွာ) ဘာသာပြန်/မြတ်မြတ်ဦး

တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်၊နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိသည် မြန်မာ့တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇန်နဝါရီ ၁၂ ရက်က နေပြည်တော်တွင် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

နေပြည်တော်၊ ဇန်နဝါရီ ၁၂ ရက်(ဆင်ဟွာ) ဘာသာပြန်/မြတ်မြတ်ဦး

တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိသည် မြန်မာနိုင်ငံ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာနဝန်ကြီး ဦးကျော်တင့်ဆွေနှင့် ဇန်နဝါရီ ၁၁ ရက်က နေပြည်တော်၌ တွေ့ဆုံဆွေးနွေးခဲ့သည်။

နေပြည်တော်၊ ဇန်နဝါရီ ၁၂ ရက်(ဆင်ဟွာ) ဘာသာပြန်/မြတ်မြတ်ဦး

တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိသည် ဇန်နဝါရီ ၁၁ ရက်က နေပြည်တော်တွင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

နေပြည်တော်၊ ဇန်နဝါရီ ၁၂ ရက်(ဆင်ဟွာ) ဘာသာပြန်/မြတ်မြတ်ဦး

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်သည် မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်သော တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်၊နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိအား ဇန်နဝါရီ ၁၁ ရက်က နေပြည်တော်တွင် လက်ခံတွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

ရန်ကုန်၊ ဇန်နဝါရီ ၆ ရက် (ဆင်ဟွာ) ရေးသားသူ/အေးလပြည့်

မြန်မာ့မီးရထားက တရုတ်နိုင်ငံ မှတစ်ဆင့် မှာယူတင်သွင်းထားသော အဲကွန်း လေအိတ်ရထားတွဲသစ်များသည် အပြည်ပြည်ဆိုင်ရာသီလဝါ ဆိပ်ကမ်းသို့ဇန်နဝါရီ ၄ ရက်တွင် ရောက်ရှိခဲ့ပြီး တရုတ်နိုင်ငံမှ အင်ဂျင်နီယာများ မြန်မာနိုင်ငံသို့ ရောက်ရှိလာပါက မြန်မာ-တရုတ် နှစ်နိုင်ငံ အင်ဂျင်နီယာများ အနေဖြင့် ရထားတွဲဆိုင်းများနှင့် ပတ်သက်၍ အသုံးပြုပုံ၊ စက်ပိုင်းဆိုင်ရာများနှင့်လိုအပ်သည့် ညှိနှိုင်းမှုများဆောင်ရွက်ကာ မြန်မာနိုင်ငံဘက်မှ ယင်း ရထားတွဲဆိုင်းများကို လွှဲပြောင်းလက်ခံသွားမည်ဖြစ်ကြောင်း မြန်မာ့မီးရထား အထွေထွေ မန်နေဂျာ ဦးညီညီဆွေက ဆင်ဟွာသို့ ဇန်နဝါရီ ၆ ရက်တွင်ပြောကြားသည်။